အပိုင်း (၂၈)

3K 419 79
                                    

"Jeon!! သူက မင်းရဲ့သားလေ! သူကမင်းရဲ့သွေးသား! မင်းရဲ့ကလေး!"

Jeon၏ လှုပ်ရှားမှု့တို့ရပ်တန့်သွား၏။ Jeon၏ မျက်ဆန်တို့သည် တဒင်္ဂအတွင်း အနီရောင်ပြန်ပြောင်းသွားသည်။ သူဟာ သူရဲ့လက်ကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး ကျောက်ရုပ်တစ်ရုပ်လို ချက်ချင်းနောက်ဆုတ်သွားသည်။ သူ့ပုံစံဟာ စိတ်လွတ်နေတဲ့သူလို..။

Jeonနောက်ဆုတ်သွားသည့်အခါမှ ဂျီမင် အသက်ရှူချောင်သွားရ၏။ သေချာသည်မှာ Jeonက အသိစိတ်ရှိနေသေးခြင်းပင်။ မင်းရဲ့ကလေးလို့ အော်လိုက်တဲ့အချိန်မှာ Jeonက ချက်ချင်း နောက်ဆုတ်သွားတာ။ သူကလေးကို အန္တရာယ်ပြုဖို့မလိုလားမှန်း ဒါကိုကြည့်ပြီး သိနိုင်တယ်။ ဒါပေမယ့် Jeonက သူ့ကိုယ်သူမထိန်းနိုင်တဲ့ ပုံစံမျိုးဖြစ်နေရတာလဲ။

ဂျီမင်သည် အမြန်ပင် ဂျွန့်ကို ကာကွယ်ထားသည့် အကာအရံကို ထပ်တိုးလိုက်ပြီးနောက် သူအမြန်ပင် Jeonဘက်သို့လှည့်ကြည့်လိုက်သည်။ Jeon ထပ်မံပျောက်သွားမှာကိုလည်း စိုးထိတ်နေရသေးသည်။ သူ Jeonအကြောင်း စုံစမ်းစရာအများကြီးရှိသေးတယ်လေ။

"Jeon..."

ဂျီမင်၏ ခပ်တိုးတိုးခေါ်သံလေး...။

"Jeon.....ဘာမှမဖြစ်ဘူး...."

ဖြေသိမ့်ပေးဖို့ ကြိုးစားနေစဉ်မှာပဲ Jeonသည် ကျောက်ရုပ်ကြီးလိုရပ်နေရင်းက လည်ပင်းကြောတွေထောင်လာတော့သည်။ လည်‌ပင်းကြောတွေဟာ အနက်ရောင်သွေးကြောတွေအကြောင်းအဖြစ်။ အော်သံနက်ကြီးဖြင့် အော်ဟစ်လာသည့်အခါ ဂျီမင်အလန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ ငြိမ်သက်နေရာမှ တဖြည်းဖြည်းစိတ်ရိုင်းဝင်လာသည့် Jeonရဲ့ ဆင့်ကဲဖြစ်စဉ်ကို ဂျီမင် အံ့ဩတကြီး ကြည့်နေမိသည်။

"Jeon Orpheus..."

Jeonသည် သူ့စကားကိုလည်း နားမဝင်တော့ဘဲ သားရဲတစ်ကောင်မာန်ဖီနေသလို ပြောင်းလဲလာသည်။ လက်ကြောတွေ မျက်ဆန်တွေဟာ အနက်ရောင်တွေအဖြစ် ပြောင်းလဲလာပြီး လက်သီးတင်းတင်းဆုပ်ထားလျက် သူ့ကို စူးစိုက်ကြည့်နေသည်။ Jeonဟာ ဘာကြောင့် ဒီလိုဖြစ်နေရသလဲ သူစဉ်းစားမရ။ ရုတ်ချည်း စိတ်ရိုင်း‌ဝင်လိုက်  ပြန်အသိဝင်သွားလိုက် ဖြစ်နေပုံက ပိုပြီးသံသယဝင်စရာကောင်းတယ်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now