အပိုင်း (၆)

3.7K 494 23
                                    

ဝေါ....ဝေါ

ရေတံခွန်မှစီးကျနေသော ရေကြည်တို့အား လက်ဖဝါးဖြင့် ခံယူကာကြည့်လိုက် ရေကန်ထဲလောင်းထည့်လိုက် ရေပြန်ခံလိုက် လောင်းထည့်လိုက်လုပ်ရင်း ဗီရာအချိန်ဖြုန်းနေသည်။

"အဲ့ဒါ ဘာလုပ်နေတာလဲ!"

ကျောဘက်ဆီမှ အော်သံကြောင့် မင်ဗီရာရဲ့ ကိုယ်လေးကတွန့်ခနဲ။

"မင်းမလေ့ကျင့်သေးဘူးလား"

"ငါခဏနားနေတာ"

အပြစ်လုပ်ထားသူပမာ မင်ဗီရာ၏မျက်နှာလေးမှာ သေးသေးလေးသာ ကျန်တော့သည်။

"ထ! အခုချက်ချင်း ‌ပြန်လေ့ကျင့်!"

"အင်း"

မင်ဗီရာသည် စူပုတ်ပုတ်ဖြင့်ဘေးနားမှာ ချထားသော ဓားကိုကောက်ကိုင်ကာ နေရာယူသည်။ "အလကားနေ ဟောက်ဖို့ပဲ"ဟု စိတ်ထဲ၌ မကျေမနပ်ပြောလိုက်သေး၏။

"မင်းနှုတ်ခမ်းကို စူမထားစမ်းနဲ့.."

ဗီရာကချက်ချင်း စူနေတဲ့သူ့နှုတ်ခမ်းကို အတွင်းသို့ဝှက်လိုက်သည်။ "စူထားတာမဟုတ်ဘူးဟ သူ့ဘာသာသူ ထွက်နေတာကို..ပါးစိပါးစပ်များတဲ့ကောင်! စိတ်ကလည်း လက်တစ်ဆစ်နဲ့ ဆူဖို့ပဲသိတယ်!" ဟု စိတ်ထဲကနေ ပြောပြန်သည်။

"မင်းလေ့ကျင့်နေတာ ၁လတောင်ရှိပြီနော် မင်ဗီရာ.."

ဟုတ်သည်။သူတို့ အတူဓားရေးလေ့ကျင့်တာ တစ်လနီးပါးရှိပြီ။ သူက ဘယ်လိုမှမတိုးတက်လာခဲ့ဘူး။ လေ့ကျင့်နေရင်းနဲ့ လက်တွေနာလာတယ်။ လှုပ်ရှားပုံတွေမေ့တယ်။ အခုထက်ထိပင် ဓားကို ကောင်းကောင်းမကိုင်တတ်သေးဘူး။ ကြာကြာမလေ့ကျင့်နိုင်ဘဲ ခဏခဏမောပန်းနေတယ်။ဒီကြားထဲ Orpheus ဆီက အဆူခံရလွန်းလို့ စိတ်ဓာတ်တွေပါ ကျရတယ်။

"မင်းကို မပြောဘူးလား၊ ငါကညံ့ပါတယ်ဆို"

"မင်းကိုယ်မင်း ညံ့တယ်ဆိုပြီး သတ်မှတ်နေသ၍ မင်းတော်လာမှာ မဟုတ်ဘူး မင်ဗီရာ..မင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိလို့ မင်းကိုယ်မင်း သိမ်ငယ်နေတာ"

"မင်းက ဘာသိလို့ ငါ့ကိုလာဝေဖန်နေတာလဲ Orpheus..မင်းကိုယ်မင်း ဘာထင်နေလဲ"ဟု ဗီရာကမျက်မှောင်ကျုံ့ထားပြီး ဒေါသဖြင့် ဆိုလိုက်သည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now