အပိုင်း (၃၈)

2.9K 373 64
                                    

စစ်တလင်း၌ ဖြစ်သည်။

စစ်တလင်းဆိုသော နေရာသည် အမြဲခြောက်ခြားဖွယ်ရာ။ လေစိမ်းတွေတိုက်လျက် အလင်းရောင်ဟူ၍ မကျရောက်။ မှောင်ရိပ်ကျလျက်ရှိပြီး မြေစာပင်ဖြစ်ခဲ့ရသော စစ်သည်တော်တို့၏ သွေးရာတို့ဟာ ထင်ကျန်နေစဲ။ တလင်းမှာစိမ့်ဝင်ခဲ့ကြတဲ့ သွေးချောင်းတို့ဟာ လက်ချိုးရေမရ။ စစ်ဆိုတာ လောဘတရားတွေကနေ အရင်းခံလာကြတာ။

Jeonသည် အချိန်တစ်ခဏအတွင်း စစ်ဗျူဟာရေးဆွဲခဲ့ပြီးနောက် အသီးသီးသော လေတပ် ခြေလျင်တပ်တို့၏ တပ်ချုပ်၊ စစ်ကဲ၊ ဗိုလ်ချုပ်တို့ကို ညွှန်ကြားခဲ့သည်။ ဗျူဟာရေးရာမှာတော့ Jeon Orpheus ကို မှီသူ မရှိ။ စစ်မြေပြင်၏ တစ်ဖက်တွင် စစ်သည်တော်နတ်သားအပေါင်းဟာ အစီအရီရပ်နေကြပြီး တစ်ဖက်တွင်လည်း နတ်ဆိုးစစ်သည်တော်တို့က တိုက်ခိုက်ဖို့အသင့်။

နတ်ဆိုး အိမ်ရှေ့စံသည် တောက်ပြောင်နေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ၏ မျက်ဆန်တို့က အနီရောင်ရင့်နေပြီး အာရုံစူးစိုက်မှု့ပြင်းစွာရှိ၏။ Jeon Orpheus က ရှေ့သို့ ရဲဝံ့စွာ ထွက်၍ သူ၏ မလှမ်းမကမ်း‌တွင်ရပ်နေသော Luciano ကိုပြောသည်။

"အကြံက ဒါအကုန်ပဲလား"

"ရုတ်တရက်ကြီးဆိုတော့ ကြောက်သွားတာလား"

Luciano က ခပ်ထေ့ထေ့လှောင်ရယ်တော့ Jeonကလည်း ရယ်သည်။

"လိုချင်တာက ဘာလဲ"

"လိုချင်တာက မင်းမရှိမှဖြစ်မှာ..စိတ်တော့မကောင်းပါဘူး"

"အမြုတေကို အဲ့လောက် ငမ်းငမ်းတက်လိုချင်နေလိမ့်မယ် မထင်ထားဘူး"

"အမြုတေလေးလောက်ကို ငါကဘာလုပ်ရမှာလဲ"

သူထင်တာမမှားရင် Luciano လိုချင်တာ အမြုတေဟုတ်မနေဘူး။

"စစ်ကို ရပ်လိုက်...လိုချင်တာပေးမယ်"

"ငါပြောပြီးပြီလေ လိုချင်တာက မင်းသေမှရမှာ"

"Authrum ရဲ့ နောက်လိုက်ခွေးဖြစ်ရတာ ကျေနပ်နေပုံပဲ"

သူမ၏ မျက်နှာတည်တင်းသွားသည်။ မြှောက်စီးထားသည့် သူမ၏ ‌ဆံနွယ်တို့ဟာ လေတိုက်ရာအတိုင်း လွင့်မြောနေ၏။ မျက်ခုံးတန်းပြေပြေက တွန့်ချိုးနေစဲ။ ခပ်တင်းတင်းစေ့ထားသည့် ခပ်ပါးပါးနှုတ်ခမ်းဟာ ပိရိနေသည်။ သူမသည် စစ်ဝတ်တန်ဆာကို အပြည့်ဝတ်ဆင်ထားပြီး နောက်ဆုံးအထိ သွားဖို့ဆုံးဖြတ်ထားသည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now