အပိုင်း (၁၉)

2.9K 440 138
                                    

နာကျင်မှု့တွေဟာ အမုန်းတရားဆီသို့..။
ခံပြင်းစိတ်တွေဟာ ကလဲ့စားချေချင်စိတ်တို့ဆီသို့..။

မွေးဖွားစတည်းက သူရဲ့အဖေနဲ့အမေကို မြင်ခွင့်မရအောင် လုပ်ခဲ့သူက သူသဘောကျနေတဲ့သူတဲ့..။ သိပ်ကိုသဘောကျခဲ့ရတဲ့၊ သိပ်တွယ်တာခဲ့ရတဲ့၊ သိပ်ယုံကြည်ခဲ့ရတဲ့ Jeonသည် သူ၏မိဘတွေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်။ ယုံကြည်ဖို့ခက်ခဲနေပေမယ့် သက်သေတွေ မျက်မြင်ကိုယ်တွေ့။ မဟုတ်လောက်ပါဘူးဆိုတဲ့စိတ်နဲ့ နောက်ဆုံးထိ Jeon အပေါ်ကို ယုံကြည်ခဲ့သေးတာ..။

လုပ်ရက်လိုက်တာ..။ ထောင်ချောက်တွေက သိပ်လှလွန်းတယ်။ လှည့်ကွက်တွေက သိပ်ကိုပိရိလွန်းတယ်။ မိဘတွေကိုတောင် သတ်ခဲ့ရုံတင်မကပဲ ကျွန်တော့်ဆီက အမြုတေကိုမက်မောလို့ ချဉ်းကပ်ခဲ့သေးတယ်။ ကျွန်တော် ခင်ဗျားကို သိပ်ယုံကြည်ခဲ့ပြီး အရူးအမူး! ခင်ဗျားရဲ့လှည့်ကွက်တွေကြား ပိပိရိရိကိုအလှည့်စားခံနေခဲ့ရတာ။ ကျွန်တော်ကလည်း သိပ်ကိုတုံးခဲ့သလို ခင်ဗျားကလည်း သိပ်တော်လွန်းခဲ့တာ..။

"အမှန်တရားကို သိသင့်တယ်ထင်လို့ ငါကလာပြောပြတာပါ မင်ဗီရာ.."

အမူအရာမဲ့နေတဲ့ မျက်နှာလေးထက်ဝယ် မျက်ဝန်းလေးတွေက နီရဲ၍ မျက်ရည်စတွေက ဟိုတစ်စဒီတစ်စ။ သူ၏ခံပြင်းစိတ်ကြောင့် ဆုပ်ထားတဲ့လက်တွေကလည်း နီနီရဲလို့နေသည်။

"သူဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ဘာလို့ အပြစ်မရှိတဲ့ ကျွန်တော့်မိဘတွေကို ဒီလိုလုပ်ရက်ရတာလဲ!"

"မင်ဗီရာ..မင်းကနတ်သက်တမ်းအရ ငယ်လွန်းသေးတယ်။ မင်းမသိခဲ့တာတွေဟာ အများကြီးပဲ။ နတ်ဆိုးဆိုပြီး အမည်တွင်လာတာ ဘာပယောဂမှ မပါတာ ဖြစ်နိုင်ပါ့မလား။ အကြောင်းရှိမှ အကျိုးဖြစ်လာသလို နတ်ဆိုးဆိုတာက အကြောင်းအရင်းမရှိဘဲ 'နတ်ဆိုး'လို့ အမည်မတွက်လာဘူး"

"ကျွန်တော့်ကို အကုန်ပြောပြပါ.."

"နတ်ဆိုးတွေကို ကောင်းကင်ဘုံက တကူးတက အပြတ်ရှင်းချင်နေတာ အကြောင်းအရင်းရှိတယ်။ နတ်ဆိုးတွေက အခုနှစ်တွေမှာငြိမ်ဝပ်နေပြီး ခြေငြိမ်နေကြလို့ မင်းအထင်မှားကောင်းမှားနိုင်ပေမယ့် တကယ်တော့ မင်းမမွေးဖွားခင်နှစ်တွေက သူတို့ကဆိုးရွားလွန်းတယ်။ သူတို့ရဲ့ ရိုင်းစိုင်းယုတ်မာမှု့တွေက အတိုင်းမဲ့ပဲ။ Jeon Orpheusလည်း အတူတူပဲ။ ငါတို့က နတ်ဆိုးတွေကို အပြတ်ရှင်းဖို့လုပ်တဲ့အခါ သူက နတ်ဆိုးတွေကိုကာကွယ်တယ်။ သူကိုယ်တိုင်လည်း ရက်စက်ယုတ်မာလွန်းတယ်။ အပြစ်မရှိတဲ့ လူတွေကို သတ်တယ်။ သွေးကိုသောက်တယ်"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Unde poveștirile trăiesc. Descoperă acum