အပိုင်း (၃၄)

4.4K 467 127
                                    

(Warning အပိုင်းလေးပါ။ Waring အပိုင်းဆိုတည်းက နှီးနှောတဲ့ ပုံရိပ်တွေပါမှာပါ။ Sensitive ဖြစ်တတ်တဲသူတွေဘမဖတ်ဖို့အကြံပြုချင်ပါတယ်။ssရိုက်ပြီး မတင်ကြပါနဲ့နော်။ warningပိုင်းဆိုတော့ မျက်နှာပူစရာပါ။ ဒီတစ်ခါ အသေးစိတ်တာမို့ warningမကြိုက်သူလေးတွေက အပိုင်း ၃၅ကို ကျော်ဖတ်လို့ရပါတယ်နော်)

နတ်သားလေးသည် Jeon ပက်လက်လဲကျသွားအောင် ဖိကျလိုက်ပြီး အပေါ်ကနေ အုပ်မိုးထားလျက် ခပ်ပြုံးပြုံး။ အောက်မှ Jeonကလည်း ခပ်ပြုံးပြုံး။

"ကျွန်တော် ယူမယ်"

"အကုန်ယူ...ကိုယ်က အကုန်ပေးဖို့ ဆုံးပြီးသား"

"အများကြီးလွမ်းနေတာမို့ အများကြီးယူမှာ"

ထိုအခါ Jeonကရယ်သည်။ သွက်လက်နေသည့် နတ်သားလေးကို ကြည့်ရင်း သူအသဲတယားယား။ ချစ်ဖို့ကောင်းလွန်းပါတယ်။

"အများ‌ကြီးပေးပါ့မယ်"

ဂျီမင်သည် Jeon၏ ခါးပေါ်ခွလျက်သားဖြင့်။ သူ၏ အင်္ကျီကိုဆွဲချွတ်လိုက်ပြီး မျက်နှာညှိုးသွားသည်။

"Jeon..ဘယ်လိုလုပ်မလဲ...ဒီတစ်ခါအတွက် မင်း ငါ့အပေါ်ပိုင်းကို လက်လွှတ်ရမယ်ထင်တယ်"

Jeonက သဘောတကျရယ်သည်။ ပါးချိုင့် သေးသေးလေး ပေါ်တဲ့အထိ။ ဂျီမင်က သူ့ရင်ဘတ်မှာရှိတဲ့ ပတ်တီးတွေကိုကြည့်ရင်း အလိုမကျဖြစ်လျက် နှုတ်ခမ်းကို ဆူထားသည်။

"ပတ်တီးဖြေတဲ့နေကြမှ ဆက်ရအောင်လေ.."

"နိုးးးးးးးးးးးးး"

ဂျီမင်က လုံးဝကိုအလိုမကျပါချေ။ သူပုံစံက လုံးဝအကြပ်ရိုက်နေသလို။

"ကျောတွေနာကုန်မယ်လေ ကိုယ့်ဂျီမင်ရယ်.."

"အင်းပါ..."

နှုတ်ခမ်းကို တမင်သက်သက်မဲ့ချလိုက်ပြီး အလိုမကျဖြစ်နေပုံက Jeonကကြည့်ရင်း သဘောကျလို့မဆုံး။ သူ့ကလေးက အတင့်ရဲလွန်းတာ။ ကိုယ်လက်စွမ်းပြလိုက်ရင် ငိုရတော့မှာ။

သူ့ခါးပေါ်ခွထိုင်နေရာက ဖယ်ခွာရန် ကြံရွယ်‌၍ မြှောက်တင်လိုက်သော ဂျီမင့် ပေါင်တစ်ဖက်ကို ဆွဲကာ သူ၏ လည်ပင်းထိ ဆွဲချလိုက်သည်။ ထိုအခါ ဂျီမင်မှာ ဟန်ချက်မညီတော့ဘဲ ရှေ့ကို အနည်းငယ်ယိုင်ကျသွားလျက် လည်ပင်းကို ခွထိုင်ထားသကဲ့လို့ ဖြစ်သွား၏။ လက်နဲ့ အိပ်ရာကိုထောက်ပြီးသာ မထိန်းလိုက်ရင် အရှိန်လွန်ပြီး မျက်နှာပေါ်ထိ တက်ခွသလိုဖြစ်သွားတော့မှာ။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now