အပိုင်း (၃၃)

3.4K 540 133
                                    

"လုပ်ရက်လိုက်တာကွာ..."

Jeon၏ အသံတို့ဟာကွဲအက်နေသည်။ မြေပြင်ပေါ် ဒူးထောက်လျက် လောကကြီးကိုအရှုံးပေးလိုက်သည့် အရှုံးသမားတစ်ယောက်လို။ ဆုံးရှုံးသွားသည်က မိမိ၏အတောင်ပံတစ်ဖက် မဟုတ်သော်ငြား ချစ်ရသူပျံသန်းနိုင်မည့် တောင်ပံလေး တစ်ဖက်ဖြစ်သည်။ သူ၏ချစ်ရသူဟာ သိပ်ကိုရက်စက်ပါသည်။

ချစ်ရသူ ထိခိုက်ခြင်းမရှိစေဖို့က သူ၏ပထမဦးစားပေးဖြစ်သည်။ကာကွယ်ခဲ့သမျှ၊ ပေးဆပ်ခဲ့သမျှဟာ ဂျီမင်ကို မှည့်တစ်ပေါက်မစွန်းရစေဖို့။ အစိတ်အပိုင်း တစ်ခုချင်းစီကို တန်ဖိုးရပါသည်။ ထို့ကြောင့် ကိုယ့်ဂျီမင်ရဲ့ ခန္ဓာအစိတ်အပိုင်းသေးသေးလေးပင် ထိခိုက်မှာကို ကြောက်ရွံ့ပါသည်။ သိပ်တန်ဖိုးထားရတဲ့ ဂျီမင့်ရဲ့အစိတ်အပိုင်းသေးသေးလေး တစ်ခုစီ‌တိုင်းကို မနာကျင်စေချင်..။

သို့သော်လည်း ဂျီမင်ဟာ သူကိုယ်တိုင် တောင်ပံတစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။ သူဖြတ်ပစ်လိုက်သည့် တောင်ပံလေးဟာ Jeonရဲ့ နှလုံးသည်းပွတ် အပိုင်းအစလေး။ ကြိုးစားကာကွယ်ခဲ့သမျှ ဒီကလေးမနာကျင်ရဖို့လေ။ အခုသူ့ကြောင့် တောင်ပံတစ်ဖက်ကို ဖြတ်ပစ်ခဲ့ပြီး နာကျင်နေရပြီ။ အားလုံးသဲထဲရေသွန်ဖြစ်သွားသလိုပင်။

"ဒီလိုနာကျင်မှု့မျိုးပဲ"

ဂျီမင်သည် နာနာကျင်ကျင်ပြုံး၍ မျက်ရည်များစီးကျနေ၏။

"မင်း ဒီလိုနာကျင်မှု့မျိုးကို ခံစားခဲ့ရတာပဲ..Jeon"

အသည်းခိုက်မတတ်နာကျင်ရပါသည်။ အသားကို အရှင်လတ်လတ် ဓားနဲ့လှီးဖြတ်ခံထားရသည့်အခါ ရင့်ထဲစူးနင့်နေအောင်ကို နာကျင်ရသည်။ သွေးတွေ တစိမ့်စိမ့်ထွက်လေ...တစိမ့်စိမ့်နာလေ..။ ဒါတောင် မိမိဓားချက်နဲ့သာ စီရခဲ့သည်မို့၊ ချစ်ရသူရဲ့ ဓားချက်ကြောင့်သာဆိုရင်...သူ့ဓားချက်ကြောင့် Jeonရဲ့ နာကျင်မှု့က ဘယ်လောက်တောင် ထုထည်ကြီးနေခဲ့လိုက်မလဲ။ ကိုယ်ချင်းစာမိသွားတဲ့အခိုက် ရင်ထဲက နာကျင်မှု့ဟာ ကျောပြင်က နာကျင်မှု့ထက် အစပေါင်းများစွာ ပိုသည်။ ပေးဆပ်စရာတွေက တောင်ပံတစ်ဖက်နဲ့ရော ကြေနိုင်ပါ့မလား။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now