အပိုင်း (၂၀)

2.8K 430 228
                                    

"ဂျီမင် မင်းမျက်နှာဖြူဖျော့နေသလိုပဲ။ မင်းနားသင့်ပြီ"

"ရတယ်။ ငါလေ့ကျင့်မှဖြစ်မယ်"

ဗီရာသည် မောဟိုက်နေသည့်ကြားမှ အားတင်းကာမတ်တပ်ရပ်ထားလျက် ဓားရေးကိုဆက်လေ့ကျင့်နေသည်။ ချွေးသီးချွေးပေါက်တွေ တတောက်တောက်ကျလျက် မျက်နှာဖြူဖျော့နေသော်လည်း သူအပြင်းအထန်ကို လေ့ကျင်နေသည်။

Jeon Orpheus ကို နိုင်ဖို့ရာ သူအပြင်းအထန် အပတ်တကုတ်ကြိုးစားရမယ်ဟု သံဓိဌာန်ချထားပြီး နှစ်ထောင်ချီတဲ့ကျွမ်းကျင်မှု့ကို လပိုင်းသာရှိသေးသည့် ကျွမ်းကျင်မှု့ဖြင့် ယှဉ်ရန် ရည်ရွယ်ထားသည်။

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး! သူသာ သေချာပေါက် အပြင်းအထန်လေ့ကျင့်ရင် Jeon Orpheus ကို သေချာပေါက် သတ်နိုင်ရမယ်!

ဗီရာ့ကိုကြည့်ပြီး Helios သက်ပြင်းချလိုက်သည်။ သူစိတ်ထဲ တစ်ခုခုတော့ လွဲမှားနေပြီလို့ ထင်တယ်။ နတ်ဆိုးဘုံနဲ့ ကောင်းကင်ဘုံက စစ်ဖြစ်ဖို့ တစ်ပတ်သာလိုတော့တယ်။ အရာခပ်သိမ်း ထိခိုက်ပျက်စီးပြီး သေကြေမှာကို သူမလိုလားဘူး။ ဒါပေမယ့် ဒီစစ်ပွဲကို တားနိုင်တဲ့အင်အား သူ့မှာမရှိဘူး။

စစ်ပွဲရဲ့အဓိကဖြစ်တဲ့ ဂျီမင်ကိုယ်တိုင်က စိတ်အားထက်သန်နေတော့ သူတတ်နိုင်တာ ဘာမှမရှိတော့ဘူး။ နတ်ဆိုးဘုံရဲ့အဓိက Jeon Orpheus နဲ့ ကောင်းကင်ဘုံရဲ့အဓိကလက်နက်ဖြစ်တဲ့ မင်ဗီရာတို့ ထိပ်တိုက်ဆုံမည်ကို တွေးကြည့်မိတော့ ရင်လေးစရာ။ သူတို့တွေတစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြပေမယ့် လွဲမှားမှု့တွေ ရှိနေတဲ့အခါ ရန်သူအဖြစ် ထိပ်တိုက်ဆုံရတော့မည်။

ဒီစစ်ပွဲကနေ သိလာရလိမ့်မယ်...။ ပိုချစ်တဲ့သူက ဘယ်သူလဲဆိုတာပေါ့..။

"အာ့..."

ဂျီမင် မတ်တပ်ရပ်နေရာမှ မိုက်ခနဲ ဖြစ်သွားသည်။ သူ့မြင်ကွင်းတွေ ပြာဝေသွားကြီး ခေါင်းထဲကလည်း မူးနောက်နေသည်။ သူယိုင်သွားတာ တွေ့တော့ ဟိုဆော့က အမြန်ထလာပြီး လာတွဲသည်။

"ဂျီမင်၊ မင်းအဆင်ပြေရဲ့လား။ မူးနေတာလား...ခဏလောက် နားလိုက်ပါလား။ ချွေးတွေ ဒီလောက်ထွက်နေတာ ဆက်ပြီးတင်းခံနေရင် မင်းပဲ လဲသွားလိမ့်မယ်"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now