အပိုင်း (၁၁)

4.2K 527 84
                                    

နူးညံ့အိစက်သော အနက်ရောင်အိပ်ယာအကျယ်ကြီးထက်တွင် ကွေးကွေးလေးအိပ်နေသည့် မင်ဗီရာက ဖြူလုံးလုံးလေးလို။ သူ၏ ဖြူစင်သော အသားအရည်ကြောင့် အနက်ရောင်အိပ်ယာပေါ် ထင်းထွက်နေသည်။ အိပ်မောကျနေသောကြောင့် ပါးလေးကဖောင်းဖောင်း နှုတ်ခမ်းဆူဆူ..နေဗီပြာရောင်ဆံသားတို့က ပွယောင်းယောင်း။

နူးညံ့ ထူထဲလှသည့် စောင်ကြီးက သူ၏ ကိုယ်တစ်ဝက်သာ ဖုံးလျက်ရှိနေပြီး မှောက်လျက်နေသည့် ဗီရာ၏ကျောပြင်လေးက အထင်းသားမြင်နေရ၏။ ကျောပြင်တစ်လျှောက် အနီရောင်အကွက်လေးတွေက ကြည်နူးခဲ့ချိန်တို့ရဲ့ အမှတ်တရအဖြစ် ကျစ်ရစ်နေစဲ ။ မြင်ကွင်းလေးက အတော့်ကို မျက်စိပသာဒဖြစ်ဖွယ်ရှိ၏။ ထိုမြင်ကွင်းကို မရှူ့မညည်းစိုက်ကြည့်နေသူကတော့ Jeon Orpheus ဟူသည့်  နတ်ဆိုးဂျွန်ဂျောင်ဂုဖြစ်သည်။

Orpheus သည် တစ်ညလုံး မင်ဗီရာအိပ်နေပုံလေးကို အကြည်မလွှဲဘဲ ကြည့်နေခဲ့သည်။ ယခုထက်ထိပေါ့..။ မင်ဗီရာကတော့ ဒါကိုသိမည့်ပုံတောင်မပေါ်...နှစ်ခြိုက်စွာအိပ်ပျော်နေ၏။

ဗီရာအနည်းငယ် လူးလွန့်လာတဲ့အခါမှ Orpheus က အကြည့်လွှဲလိုက်ကာ ဘောင်းဘီအိပ်ကပ်ထဲရှိ စီးကရက်ဘူးကိုဖွင့်ကာ တစ်လိပ်ယူ၍ မီးညှိသည်။ ဗီရာနိုးစပြုလာသည်ကို သူစီးကရက်ကို ရှိုက်ဖွာရင်း ဆက်ကြည့်နေ၏။ နိုးစပြုရာမှ နိုးထလာသည်အထိ အပြုအမူအဆင့်တိုင်းအား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့် Orpheus က မှတ်တမ်းတင်နေသည့်စီစီတီဗီနဲ့ပင် ဆင်တူလှသည်။

"Jeon.."

ဗီရာနိုးနိုးချင်း ထွက်လာတဲ့အသံက Orpheus ၏နာမည်သာ..။

"ကိုယ့်ဂျီမင် အိပ်ရေးဝရဲ့လား"

"နောက်နေ့ကူးသွားတာလား"

Orpheus ခေါင်းငြိမ့်ပြ၍ စီးကရက်ငွေ့တို့ကို မှုတ်ထုတ်လိုက်ပြီး ဖြေသည်။

"မနေ့က ကိုယ့်ဂျီမင်က အရမ်းပင်ပန်းသွားပြီး အိပ်ပျော်သွားလို့ ပြန်ခေါ်လာရာကနေ အခုချိန်ထိ အိပ်ပျော်နေတာ..."

Jeonရဲ့ နှုတ်ခမ်းပါးက ခပ်ယဲ့ယဲ့လေးတွန့်သွားပြီး စီးကရက်ကို တစိုက်မတ်မတ်ရှိူက်ပြန်တယ်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now