အပိုင်း(၃)

3.6K 497 41
                                    

မင်ဗီရာလူ့ပြည်ကနေ နတ်ပြည်ကိုပြန်ရောက်သည့်အခါ Heliosနဲ့ ဆုံသည်။ သူတို့က ရင်းနှီးလာခဲ့တာတော့ကြာပြီ။ စစ်သည်တော်အဖြစ် စတင် တာဝန်ထမ်းဆောင်ချိန်လည်း တူညီပြီး အတူတကွဖေးဖေးမမ လုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်တွေကြား သူနဲ့Heliosအတော်လေး ရင်းနှီးကျွမ်းဝင်ခဲ့သည်။

"Helios(ဟီးလီအော့စ်), မင်းတကယ် တာဝန်လွှဲပြောင်း မလို့လား"

"ဟုတ်တယ် ဗီရာ၊ ငါလူ့ပြည်ထပ်ခြေမချချင်တော့ဘူး"

Helios က တရင်းတနှီး မင်ဗီရာအား 'ဗီရာ'ဟုသာခေါ်လေ့ရှိပြီး နာမည်အရင်းကိုတော့ ခေါ်လေ့မရှိ။

"ဘာဖြစ်လို့လဲ"

"မဟုတ်ပါဘူး၊ ဒီတိုင်းပါပဲ"

Helios က လူ့ပြည်ကနတ်ဆိုးတွေကို နှိမ်နင်းဖို့တာဝန်ကျတဲ့ စစ်သည်တော်ဖြစ်သည်။ လွန်ခဲ့တဲ့ ၂ပတ်ကပဲ နတ်ဆိုးတစ်ကောင်ကြောင့် ဒဏ်ရာရလာသည်ဆိုသောကြောင့် မင်ဗီရာက တာဝန်ခဏယူပေးခဲ့တာ။ အခုHeliosက မျက်နှာမကောင်းစွာဖြင့် တာဝန်ပြောင်းမည်ဟု ဖွင့်ဟပြောဆိုလာတယ်။ Helios လူ့ပြည်က ပြန်ရောက်လာတဲ့နေ့တည်းက မျက်နှာမကောင်းတာ အခုထက်ထိ။

"မင်းရော အဆင်ပြေလား၊ လူ့ပြည်ကိုသွားတာ"

"လူ့ပြည်က အတော်လေးထူးဆန်းတယ်၊ ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ မကောင်းတဲ့နေရာတွေလည်း အတော်များတယ်။ အဆိပ်ခပ်ချင်တဲ့ မကောင်းတဲ့ကောင်လည်းရှိတယ်။ ငါသူခပ်တဲ့အဆိပ်ကို သောက်မိတော့မလို့ "

Helios က ပြာပြာယာယာဖြစ်သွားပြီး
ဗီရာရဲ့လက်ကိုဆွဲလိုက်ပြီး အသည်းအသန်မေးတော့သည်။

"မင်း ဆေးခပ်ခံရတာလား ဗီရာ!"

"ဟုတ်တယ်၊ ‌ဒါပေမယ့် ငါမသောက်လိုက်ပါဘူး"

"မင်းကို ဆေးခပ်တဲ့လူက Venusလား ဗီရာ"

"အင်း! မင်းဘယ်လိုသိတာလဲ"

မင်ဗီရာ အံ့ဩတကြီးဖြင့် ပြန်မေးလေတယ်။ Helios က အတော်လေး စိတ်ညစ်ညူးနေတဲ့မျက်နှာထားဖြင့် အတော်လေးစိတ်ရှုပ်ထွေးနေဟန်။

Helios က ထပ်ပြီးတရစပ် မေးတယ်။

"သူတိုက်တာ မင်းမသောက်လိုက်ဘူးမလား! သူဆေးခပ်ထားတယ်ဆိုတာ မင်းဘာ်လိုသိဝာာလဲ! သူမင်းကိုဘာလုပ်လိုက်လဲ ဗီရာ!"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now