အပိုင်း (၃၀)

3K 414 76
                                    

မြစိမ်းရောင်အဝတ်တန်ဆာတို့ဖြင့် သူမ။ ဖြူစွပ်သော အသားအရည်နှင့်အတူ နက်မှောင်နေသော ဆံသားတို့က သူမရဲ့ အလှအား ပို၍ ထင်းလင်းစေ၏။ ဆံသားတို့၏ တစ်ဝက်ကို သေသပ်လှစွာ ထုံးဖွဲ့၍ ကျောက်စိမ်းဆံထိုးဖြင့် ထိုးစေကာမူ ကျန်ဆံသားတစ်ဝက်ကိုတော့ ကျောပြင်ထက် ပြေချထား၏။

ခပ်ထူထူးနှုတ်ခမ်း၊ ဗာဒံစေ့မျက်ဝန်း၊ ခပ်ချွန်ချွန် နှာတံတို့အပါအဝင် v shapeသဏ္ဍာန် မျက်နှာပေါက်ဟာ ပြည့်စုံလှပသည့် မိန်းမသားတစ်ယောက် အသွင်ကိုဆောင်သည်။ ညင်သာလှသော ခြေလှမ်းများနှင့် တည်ငြိမ်စွာ လျှောက်လှမ်းရင်း သူမသည် နေရာတစ်ခုဆီသို့..။ အတန်ကြာ လျှောက်လှမ်းပြီးနောက် ‌ထိုနေရာသို့ ရောက်သည့်အခါ သူမ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်။

"ဂျယ်အီ အခစားဝင်ပါတယ်"

သူမဟာ ချိုသာသော အသံဖြစ်အောင် လုပ်ယူ၍ ခွင့်တောင်းသည်။

"ဝင်ခဲ့"

ခွင့်ပြုသံကြားလိုက်ရတဲ့အခါ ရိုကျိုးစွာ ခေါင်းကိုငုံ့၍ ခြေသံမကြားရသည်အထိ ခပ်ဖွဖွလျှောက်လျက် ထိုနေရာကို ဝင်သွား၏။

"မင်ဗီရာ အမြုတေကို ရှာတွေ့လား"

သူမသည် ညောင်စောင်းပေါ် ခပ်လျှောလျှော မှီထိုင်နေသော ထိုသူ၏ ရှေ့မှောက် ဒူးထောက်ခစားသည်။

"ဟုတ်ကဲ့။ တပည့် သူ့ကို မနက်ဖြန် ဒီအဆောင်ကို လာခိုင်းထားပါတယ်"

"တော်တယ်"

ထိုသူသည် ခပ်ဟသရယ်သည်။ ယုတ်မာမှု့အရိပ်အယောင်တွေဟာ သူ့မျက်နှာပေါ်မှာ အထင်းသားဖြင့်။

"Jeon Orpheus ရဲ့ အမြုတေက မင်ဗီရာဆီမှာရှိနေတာအမှန်ပါပဲ ဒါပေမယ့် သူက အမြုတေကို မထုတ်တတ်ဘူးလို့ ဆိုပါတယ်"

"ဒါက လွယ်ပါတယ်။ သူ့ကို ထုတ်တတ်‌လာအောင် တွန်းအားပေးရုံပေါ့"

သူမကလည်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သို့သော်လည်း ညောင်စောင်းပေါ်ရှိ ထိုသူ၏ စကားကြောင့် သူမ၏ အပြုံးတို့ပျောက်ကွယ်သွား၏။

"မင်ဗီရာက အတော်လေးလှတာပဲ..အလှဆုံးနတ်သားဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း လိုက်ပါပေတယ်"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now