အပိုင်း (၂၃) S-2

3.6K 504 136
                                    

နတ်ပြည်တွင် ဖြစ်သည်။ 'အဆုံးမဲ့ ' ဟု အမည်ရသည့် မြို့လေးတစ်မြို့ဖြစ်၏။

ဤမြို့လေးသည် များသောအားဖြင့် နတ်မျိုးရိုးဖြစ်သည့် နတ်သား၊နတ်သမီးများနေထိုင်ကြပါသော်လည်း အခြားမြို့များကဲ့သို့ သိပ်မစည်ကားလှပါ။ နေထိုင်သူ အများစုက မျိုးရိုးမြင့်နတ်မျိုးနွယ်များမဟုတ်ဘဲ အလယ်အလတ်မျိုးနွယ်အပါအဝင် မျိုးရိုးနိမ့်များသာ နေထိုင်ကြသည်။

နတ်မျိုးနွယ်ဖြစ်သော်ငြား စွမ်းအားမရှိသူ၊ စွမ်းအားလျော့နည်းသူတွေ၊ စစ်သည်တော်ဖြစ်ရန် အရည်အချင်း မပြည့်ဝသူတွေ၊ မျိုးရိုးမြင့်နတ်မျိုးနွယ်တို့ရဲ့ အခြွေအရံတွေ အခိုင်းအစေတွေ အကူတွေ အများဆုံးနေထိုင်ကြလေ့ရှိသည်။

ပြောရရင် မြို့ငယ်လေး တစ်ခုပေါ့။ဤမြို့၏ ဈေးလမ်းတစ်လျှောက် လူအများဖြင့်စည်းကားလျက်ရှိသည်။ ဈေးလမ်းရဲ့ သဘာဝအလျောက် ဈေးသည်များ၏ဈေးရောင်းသံတွေ၊ လူအများ၏ စကားသံတွေ ရယ်မောသံတွေ အော်ဟစ်သံတွေနဲ့ ကလေးတွေရဲ့ ဆော့ကစားသံတွေဖြင့် ဆူဆူညံညံရှိလှသည်။

"ပျားရည်မုန့် စားမယ်...နော်...ဖေဖေ"

"ဟုတ်ပြီ..မပြေးနဲ့။ ဖေဖေဝယ်ကျွေးမယ်"

ကလေးငယ်သည် စားချင်တာ စားရတော့မည့်အခါ မျက်နှာလေး ဝင်းပကြည်လင်လာပြီး ပြုံးရွှင်လာတော့၏။ ကလေးငယ်၏ အပြုံးကိုကြည့်ရင်း သူ့ဖေဖေကလည်း ပြုံးသည်။

"ပျားရည်မုန့် ၅ခုလောက်ပေးပါဗျ"

"နတ်သားလေးပဲ..ဘယ်သူများလဲလို့..တစ်ခုပိုထည့် ပေးလိုက်မယ်‌ဗျာ..ဖောက်သည်တွေဆိုတော့.."

ကလေးငယ်ရဲ့ဖေဖေက မူပိုင်အပြုံးလေးနဲ့ တုံ့ပြန်လိုက်သည်။ မကြာခဏဝယ်စားလေ့ရှိတဲ့ သူတို့ကို ဆိုင်ရှင်ကတောင် သိကျွမ်းနေပြီ။ သူ့သားငယ်က ပျားရည်မုန့်ဆို သိပ်ကြိုက်တော့ မကြာခဏဝယ်ကျွေးရင်းက ဆိုင်ရှင်နဲ့ပါ ခင်လာရတဲ့အထိ။

ဆိုင်ရှင်ကလည်း ကလေးငယ်ရဲ့ဖေ့ဖေ့ကို ရွှမ်းရွှမ်းစားစားကြီး စိုက်ကြည့်နေ၏။

"မလိုဘူး!"

ခပ်စူးစူး အော်သံလေးကြောင့် ပျားရည်မုန့်ထုပ်လှမ်းယူနေသည့် သူ့ဖေဖေရဲ့ လက်တို့ ရပ်တန့်သွား၏။ ကလေးငယ်မှ ဆိုင်ရှင်ကို ခပ်စူးစူးကြည့်နေပုံက မကျေမနပ်ဖြင့်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now