အပိုင်း (၂၆)

3K 459 152
                                    

ကြီးကျယ်ခမ်းနားလှသော ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော ခန်းမနန်းဆောင်ကြီးထဲဝယ် ဧည့်သည်တော်နတ်မင်းများ၊ နတ်သား၊နတ်သမီးအပေါင်းတို့နှင့် စည်စည်ကားကားရှိလျက် ရှိသည်။

ခန်းမတံခါးမုခ်ဝမှ အလယ်ခေါင်တည့်တည့်ရှိ သတို့သားဆီသို့ လျှောက်လှမ်းရမည့် လျှောက်လမ်းတစ်လျှောက်ပေါ် နင်းလျှောက်ရင်း ဟိုဆော့ခြေလှမ်းတွေ နှေးတုံ့နေခဲ့သည်။ ပါးချိုင့်နှစ်ဖက်ထင်းနေအောင် ပြုံးနေသည့် အစ်ကိုနမ်ဂျွန်းကို တွေ့နေရသည့်အခါ သူအားနာမိပြန်သည်။ မဝံ့မရဲဖြစ်ရင်း အကြည့်လွှဲကာ ခေါင်းကိုငုံ့ချလိုက်မိပါသည်။

အစ်ကိုတစ်ယောက်လိုသာ ချစ်ခင်မိသည့်အခါ လက်တွဲဖော်‌တစ်ယောက်အနေနဲ့ ဘယ်လိုမှလက်ခံနိုင်မယ် မထင်ပါ။ အစ်ကိုနမ်ဂျွန်းကို လက်တွဲဖော်တစ်ယောက်အနေနဲ့ တွေးကြည့်တဲ့အခါ မပျော်ရွှင်ရတော့ဘူး။

လက်တွဲဖော်ဆိုတာ သက်ဆုံးတိုင်ထိ အတူလက်တွဲသွားရမယ့် အဖော်မွန်ကောင်းတစ်ယောက်၊ထို အဖော်မွန်ကလည်း တစ်သက်လုံးစာ အတွက် ဆိုသည့်အခါ ချစ်ရသူကို လက်တွဲသွားနိုင်မှာ...အစ်ကိုနမ်ဂျွန်းကို သူမချစ်နိုင်ပါ။ ချစ်ကြည့်လို့လည်း မရဘူး။ အနာဂတ်မှာ ကိုယ်မချစ်ရတဲ့သူနဲ့ လင်ယောင်္ကျားအဖြစ်ပေါင်းသင်း နေထိုင်သွားရမယ့် အဖြစ်က မွန်းကြပ်လွန်းပါတယ်။

တောင်းပန်ပါတယ်..ကျွန်တော် စီစဉ်သမျှ အကုန်လွဲခဲ့ရင်တောင် အစ်ကိုနဲ့ လက်ထပ်ဖို့ကို ငြင်းရလိမ့်မယ်။ အဖေစိတ်ဆိုးပြီး အပြစ်ပေးခံရရင်လည်း ကျွန်တော်ကံပဲပေါ့..။

အရာအားလုံးက တောက်ပခမ်းနားနေခဲ့သော်လည်း အပြုံးလေးကမူ မတောက်ပနိုင်ခဲ့။
ဧည့်သည်တော်အပေါင်း ရယ်မော‌ပြုံးပျော်နေကြပေမယ့် သူမရယ်မောနိုင်ခဲ့။
အချစ်မပါတဲ့ မင်္ဂလာပွဲတစ်ခုဟာ ထိုမျှလောက် ခြောက်ကပ်ပြီး အထီးကျန်လွန်းလှပါတယ်။

ခန်းမအလယ်ကို ရောက်သည့်အခါ အစ်ကိုနမ်ဂျွန်းနှင့်သူ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"မင်္ဂလာရေနွေးကြမ်း သောက်သုံးပြီး မိုးမြေကန်တော့မည်!!"

တာဝန်ရှိသူ အိမ်ထောင်ရေးနတ်မင်းက ခပ်ကျယ်ကျယ် ဆော်ဩလိုက်သည့်အခါ ကျွန်တော့်ရင်ထဲ ပိုတင်းကြပ်သွားရပါသည်။ မျက်ရိပ်ထောင့်စွန်းမှ ဖြတ်ခနဲ မြင်လိုက်ရတဲ့ ဂျီမင့်ကို မျှော်လင့်တကြီး ငေးကြည့်မိတဲ့အခါ ဂျီမင်ခေါင်းတစ်ချက်ငြိမ့်ပြလာသည်။ ဒါဆို အဆင်ပြေမှာပါ...။ မဟုတ်ဘူး...သေချာပေါက်အဆင်ပြေရမယ်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now