အပိုင်း (၂၇)

2.7K 448 94
                                    

"ဟိုဆော့ ငါ့ကိုလွှတ်လို့!"

"သူက Jeon Orpheus မဟုတ်ဘူး!"

ဂျီမင်ဟာ ခေါင်းကိုတသွင်သွင်ခါပြီး ရှိုက်၍ ငိုနေသည်။

"ဟုတ်တယ်! သူက Jeonပဲ...ငါကလေ သေတဲ့ထိ Jeonကို မေ့မှာမဟုတ်ဘူး သိလား။ ငါက..ငါက မမှတ်မိရင်တောင် ငါ့နှလုံးသားက အလိုလိုသိတယ်။ မှတ်မိတယ်။ ခံစားရတယ်။ သူကလေ..Jeonကို မြင်တာနဲ့ သူ့ပိုင်ရှင်ကို ‌ရှာတွေ့သွားသလိုကို ငါ့ကို အချက်ပြလာတာ။ ငါမှားရင်မှားမယ်..ငါ့နှလုံးသားက မမှားဘူး။ သူက Jeonပဲ ဟိုဆော့.."

ဂျီမင့် အသံတွေဟာ ရှိုက်သံတွေရောထွေးလျက် ပလုံးပထွေးဖြင့်။ ဂျီမင့်ရဲ့ အခိုင်အမာပြောဆိုချက်က ဟိုဆော့ကို တွန့်ဆုတ်သွားစေသည်။ သူဟာ Jeon ကို ခပ်စူးစူးကြည့်ရင်း ဂျီမင့်ကိုလည်း အန္တရာယ်မပြုနိုင်အောင် ရှေ့မှ ကာကွယ်ပေးထားသေးသည်။ Jeon Orpheus သည် လဲကျနေရာက ပြန်ထရပ်လာပြီး ဂျီမင့်ကိုသာ မဲနက်နေသည့်မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်နေသည်။

"Jeon Orpheus..."

"ပြန်ပေးစမ်းးးးး!"

"မင်းဘာကိုတောင်းတာလဲ"

"ငါ့အမြုတေ..."

"ဘာ.."

ဟိုဆော့ ကိုယ်တိုင်လည်း ဂျီမင့်ကို အံ့ဩတကြီး လှည့်ကြည့်လိုက်မိသလို ခန်းမထဲရှိ နတ်အပေါင်းရဲ့အကြည့်တွေက ဂျီမင့်ဆီကို ဦးတည်သွားသည်။

"အ...အမြုတေ"

ဂျီမင် ကိုယ်တိုင်လည်း အံ့ဩမှင်သက်သွားလေသည်။ Jeon....Jeonရဲ့ အမြုတေက ဘာလို့သူ့ဆီရှိရမှာလဲ..။

"Jeon..."

ဂျီမင်ဟာ ဟိုဆော့ကို ကျော်ကာ Jeonဆီ တိုးကပ်သွားလေသည်။ Jeonကို မျက်ရည်တွေပြည့်နေသော မျက်ဝန်းတွေဖြင့် မှင်သက်စွာကြည့်ရင်း အနီးကပ်ဆုံးဖြစ်သည်အထိ တိုးကပ်လိုက်သည်။

"ငါ..ငါ့မှာ ဘာမှမရှိဘူးလေ...Jeon"

အနီးကပ်ဆုံးထိ တိုးကပ်လိုက်ပေမယ့် Jeonက ကျွန်တော့်ကို မတိုက်ခိုက်လာသည်မို့ အရဲစွန့်ကာ အနက်ရောင်သွေးကြောမျှင်တွေ ရေးတေးတေး မြင်နေရသော ပါးပြင်အပေါ် ခပ်ဖွဖွအုပ်ကိုင်မိသည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now