4

3.7K 339 7
                                    

I think I love him

မှောင်မည်း တိတ်ဆိတ်နေသော ည တွင် လမ်းထဲက ခွေးတွေ က ရုတ်တရက် ကြီး ထပြီး သံရှည်ဆွဲ ကာ အူ တော့သည်။

နှစ်ထပ်အိမ်ဆောင်၏ အပေါ်ထပ်တွင် ချောမော နုနယ်သော ကောင်လေး တစ်ယောက်သည် စန္ဒရား ခုံတွင် ထိုင်ကာ
'ဒင်း ဒင်း တောင် တောင် ‌တီ ဒင်' ဟု
သံစဉ်မကျစွာ ပရမ်းပတာ စန္ဒရား တီးလျက်ရှိသည်။

သူ မျက်လုံး စိမ်းစိမ်းတွေက အမှောင်အောက်ဝယ် ကြောင်မျက်လုံးလို တဖြတ်ဖြတ်တောက်ပလျက်ရှိသည်။သူ့ စန္ဒရားတီးစ‌ကေးကို သူ အတော် နှစ်ခြိုက်နေဟန်။

ဆူညံလွန်း၍ ဆတ်နွယ် အိပ်နေရာမှ နိုးလာသည်။

အပေါ်ထပ်က သံစဉ် မကျသည့် စန္ဒရားသံကြီး ကြားလိုက် ရစဉ် ဆတ်နွယ် အိမ်ပေါ်ထပ်ကို အမြန်တက်လာလိုက်သည်။

ကိုကို ဘာများ လုပ်နေပါသနည်း။

ည ကြီး စန္ဒရားကြီး ထ တီးနေပြန်သည့် အစ်ကို ဖြစ်သူကို ဆတ်နွယ် မထူးဆန်းသလို ကြည့်လိုက်သည်။

ည ည ဆို ကိုကိုသည် တစ်နေ့ တစ်မျိုး မရိုးရအောင် ထူးဆန်းထွေလာ အဖြာဖြာကို လုပ်တတ်သည်။တစ်နေ့က အပေါ်ကနေ တဝုန်းဝုန်းနဲ့ ၊တစ်နေ့က တ ခြစ် ခြစ် ၊တစ်နေ့က တဒုတ် ဒုတ် ဒုတ် နဲ့။

ဘာလုပ်နေမှန်းမသိ။ပထမ ထူးဆန်းနေသော်လည်း နေသားကျသွားသော အခါ ဂရုမစိုက်တော့ပေ။လုပ်ချင်တာသာ လုပ်တော့။

"ကိုကို"

ကိုကိုက ဆတ်နွယ်ကို မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး

"ရှူး. . . . . ."

လက်ညှိုး ကို နှုတ်ခမ်းပေါ်ကပ် 'ရှူး' ဟု အသံရှည်ဆွဲကာ ဟန့်တားလိုက်သည်။သူတို့အိမ်က အခန်းလုံ၍ လှိုင်သံ ထွက်တတ်သဖြင့် ရှူး ဆိုသော အသံကြီးက ဩရှရှ နဲ့  ကျယ်လောင်စွာ။

"ဧည့်သည်တွေ လန့်ကုန်မယ်လေ. . ."

ဧည့်သည်။

ပိန်းပိန်းထူအောင် မှောင်နေသော အခန်းကျယ်ကြီးကို မျက်စိ ကစားလိုက်တော့ စန္ဒရားခုံ ရှေ့ တည့်တည့်မှာ ချိနဲ့နဲ့ ထိုင်ခုံတန်း ရှည်တွေ ချထားသည်။ဘယ်သူမှလည်း ရှိမနေပါလေ။

'LOTUS KILLER' {Ongoing}Where stories live. Discover now