34

2.4K 230 41
                                    

မာန်သွေးရောင်က လက်ပတ်နာရီကို ကြည့်လိုက်သည်။

1နာရီ ခွဲထိုးလုနီးပါး။ဒီချိန်ဆို ချိန်းသည့်နေရာကို ရောက်သင့်ပြီ မဟုတ်ပါလော။

ရတနာပုံတံတားဘေး ကားရပ်၍ စောင့်နေသည်မှာ တစ်နာရီခွဲနီးပါးပင် ရှိလျော့မည်။

ဗိုက်ကလည်း ဆာလှပြီ။ပုံမှန် အစီစဉ်တိုင်းဆို 12မှာ ဆုံ၊ ကျောင်းဆီ အတူသွားမည်။ကျောင်းမှာ စားသောက်စရာ အဆင့်သင့် အလျှံပယ် ပြင်ထားပြီးသား။

ကျောင်းက ချက်ကျွေးသော ဆိတ်ပုဆိုးကြမ်းဟင်းသည် အလွန်ကောင်းလှသည်။ဆိတ်ပုဆိုးကြမ်းကို ငရုတ်သီးစပ်စပ် ဇီးပူသီးထောင်းသုပ်လေးနဲ့ တောငါးပိချက်လေးနဲ့ တွဲဖက် စား .  . . တွေးလေ ဗိုက်ဆာလေ. . .။အစ်ကို ကိုးနောင်တို့အား အရိပ်ပင် မမြင်။

ဧရာဝတီမြစ်ကား သန်မာစွာ စီးဆင်းနေ၏။
မြစ်ဧရာကို ဖြတ်သန်းလာသော လေဖြူးဖြူးတို့သည် တမြူမြူးနှင့် မာန်သွေးရောင်၏ ဆင်စွယ်ရောင် ဆံပင်လိပ်ခွေခွေတို့ကို ဖြတ်တိုက်သွားသည်။

ရှင်မာန်က အာလူးကြော်ကို တကျွတ်ကျွတ် ဝါးရင်း မာန်သွေးရောင်ကို ငေးကြည့်လိုက်သည်။ပြီး သူ့ရဲ့ ဆံပင်ကို လက်နဲ့ ဖွလိုက်သည်။အနက်ရောင်ဆိုးထားသော ရှင်မာန်ဆံပင်တွေသည်ပင် ဦးရေထိပ်ဖျားတွင် ဆင်စွယ်ရောင် ဆံပင်တွေ ပေါက်လာချေပြီ။

ဆင်စွယ်ရောင် ဆံပင်တွေအကြောင်း တွေးမိရင် ဆင်စွယ်ရောင်ဆံပင်လိပ်လိပ်တွေနှင့် အလွန်လှတဲ့ မေမေကို သတိရသည်။

သူ့ကို မေမေက ပြောဖူးသည်။

"သားက သား ဦးလေးနှင့် သိပ်တူတာပဲ" တဲ့။

ရုတ်တရက်ကြီး ရှင်မာန့် ရင်ဘတ်ထဲ အောင့်သက်စွာ။ရှင်မာန်က အာလူးကြော်ကို ဟက်စကီမမဆီ ကျွေးလိုက်ရင်း မင်းရှင်မော် ပေါ် မှီလိုက်သည်။

တကယ်တော့ မင်းရှင်မာန်သည် မာန်သွေးရောင် အစ်မ၏ သား ဖြစ်သည်။မိုးဝေနှင့် ဆည်းဆာသွေးသည် သူ့ အဖေနှင့် အမေရင်း ဖြစ်သည်။သို့သော် သူတို့သည် မစာနာ မငဲ့ညှာစွာ သူ့အား တစ်ယောက်တည်း လောကကြီးမှာ ထား၍ ထွက်သွားကြသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now