15

2.9K 240 17
                                    

အေဗလင်. . . အေဗလင်. . .အေဗလင်. . .။

အေဗလင်ကို ကိုးနောင် အစက သတ်ရန် ရည်ရွယ်ချက်မရှိ။သတ်လည်း မသတ်ချင်။

သို့သော် အေဗလင်သည် မီးကို တိုးသော ပိုးဖလံနဲ့ တူ၏။

++++

ကိုးနောင် အသက် 17နှစ်တွင် နောင်ဘုန်းသိုက်က လန်ဒန်ရှိ စိတ္တဇဆေးရုံသို့ ပို့ခဲ့သည်။3လ အကြာတွင် ဆေးရုံအုပ်က နောင်ဘုန်းသိုက်ကို ဖုန်းဆက်ပြီး ဆေးရုံကို လာခဲ့ရန် ပြောသည်။

ကိုးနောင် ပြဿနာ ထပ်ရှာတာလား လို့ ထင်မိ၍ ရင် တမမ ဖြစ်ခဲ့ရသော်လည်း ဆေးရုံအုပ်က လက်ခါပြသည်။

"ခင်ဗျား သား ကို ကျွန်တော် သုံးလလုံး ထပ်ထပ်ခါခါ စစ်ဆေးတယ် . . . သူ့ အပြုအမူတွေကို လေ့လာတယ် စောင့်ကြည့်တယ်. . .နောက်ဆုံး ခင်ဗျားကို နားမလည်ဘူး ဘာလို့ လူကောင်းတစ်ယောက်ကို ဆေးရုံ ပို့ရတာလဲ. . . ခင်ဗျားသားက ရာနှုန်းပြည့် စိတ်ကျန်းမာရေး ကောင်းတဲ့သူပါ ဒီမှာ သူ့ ဆေးမှတ်တမ်း. . . "

နောင်ဘုန်းသိုက်က မယုံနိုင်သလို ဆေးမှတ်တမ်းကို ကြည့်လိုက်သည်။

ထိုနေ့က သူ့ခြေလှမ်းတွေ လေးကန်နေသည်။

ကိုးနောင်သာ အမှန်တကယ် ကောင်းမွန်သွားရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးက သူပဲ ဖြစ်လိမ့်မည်။သို့သော် ဤကိစ္စမှာ တစ်ခုခု မရိုးဖြောင့်သလို ခံစားနေရသည်။

ကိုးနောင်၊ကိုးနောင်။
ဒီကောင်. . . ဒီကောင် ဆရာဝန်တွေကိုတောင် အရူးလုပ် လှည့်စားနေလေသလား။

ဆေးရုံကော်ရစ်ဒါကနေ လူနာဆောင်ကို ‌လှမ်းကြည့်လိုက်စဉ် တတိယထပ် ပြတင်းပေါက် ဘောင်ပေါ်၌ ဉာဏ်ကိုးနောင်က တင်ပါးလွှဲ ထိုင်နေပြီး တယောထိုးနေသည်။

အပြာနုရောင် ဆေးရုံဝတ်အင်္ကျီနှင့် နောင်ဘုန်းသိုက်ရဲ့ သားလေးသည် ဒီလို ကျပြန်တော့လည်း ကြင်နာတတ်တဲ့ မင်းသားလေးလို ဂန္တဝင်မြောက်တဲ့ အနုပညာ တစ်ပုဒ်ကို ဖန်တီးနေသည်။

တယောသံလေးက သနားစရာ ကောင်းသည်။တစ်ခုခုကို တိုးလျှိုးတောင်းပန်နေသလိုလို။

'LOTUS KILLER' {Ongoing}Where stories live. Discover now