20

3.5K 275 35
                                    

"ဟဲ့ ဟဲ့ ဟဲ့ မင်းတို့‌တွေ ဘာလုပ်နေကြတာလဲ. . . ဟင်. . .ဟား ဟား ဟား ဟား . . .ငါ အူတက်သေတော့မယ်!! ကိုးနောင် ကလေးတွေနဲ့ ပေါင်းပြီး ကလေးစိတ်ပေါက်နေပြီ. . . "

ခမ်းနော့ဝ်က ‌ဆေးရုံကနေ အိမ်ပြန် ပြန်လာချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဗိုက်ကို ဖိကာ အူလှိုက်သည်းလိုက် ရယ်သည်။

နန်းနွယ်က မှန်တင် ခုံပေါ်မှာ သနပ်ခါးသွေးနေတာ ဖြစ်ပြီး သူ့ ပါးဖောင်းဖောင်းလေးပေါ် သနပ်ခါးတွေ လျှောက်လိမ်းထားသည်။

ကိုးနောင်က ဆိုဖာပေါ်မှာ ထိုင်နေကာ MacBook နဲ့ အလုပ် ရှုပ်နေသည်။ဤသည်ကို အခွင့်အရေးယူကာ နန်းနွယ်က ကိုးနောင် မျက်နှာပေါ် သနပ်ခါး လိမ်းပေးထားသည်။ပါးဖြူဖြူ ပေါ်မှာ ဝလုံးသဏ္ဍာန် သနပ်ခါး ပါးကွက်ကြားကြီးက ထင်းနေသည်။နဖူးပေါ်မှာလည်း ဝလုံးသဏ္ဍာန် သနပ်ခါး ဝါဝါတွေ။နှာခေါင်းပေါ်မှာလည်း သနပ်ခါးစက်လေးနဲ့။

ပြီး ကိုးနောင် နဖူးထိပ်တည့်တည့်ရှိ ဆံပင်ကို ကြက်တောင်စည်း ပေး ထားသေးသည်။‌နဖူးပြင်တည့်တည့်ပေါ်တွင် ဆံပင်စုစုသေးသေးလေးက မြက်ပင်လို ထောင်နေသည်။

မသိရင် ရွာက နွားကျောင်းသား အိမ်ရောက်နေသလို။

ကိုးနောင် က သူ့ အလုပ် သူပဲ အာရုံစိုက်နေတာ ဖြစ်ပြီး ကလေးတွေ ပြုသမျှ ငြိမ်ခံနေသည်။

"ခစ် ခစ် ဖေကြီး က အရမ်း ချစ်ဖို့ ကောင်းတာပဲ. . ."

ခမ်းနော့ဝ် စတိုင် လိုက်တုကာ နန်းနွယ်က ကိုးနောင် ပါးတစ်ဖက်ကို လက်ဖောင်းဖောင်းတိုတို‌လေး‌တွေနဲ့ ဆွဲ ဖဲ့နေသည်။

ကျန်း. . . ငါ့ ယောက်ျားကို လုပ်ချင်တိုင်း လုပ်နေတယ်။

ပြီး နန်းနွယ်က လူကြီးစတိုင် ခါးထောက်ပြီး ကိုးနွယ်ကို

"ကိုးကိုး ငြိမ်ငြိမ်နေလေ မမက ပင်ပင်ပန်းပန်း အလှပြင်ပေးထားရတာကို. . ."

ခမ်းနော့ဝ် ကိုးနွယ် ကို ကြည့်လိုက်သောအခါ ရယ်ရလွန်း၍ အူတက်သေတော့မည်။နံရံကို လက်နဲ့ ထောက်ထားရသည်။

ကိုးနွယ်ကို သူငယ်တော်လို ကြက်တောင်စည်း နှစ်ဖက် စီးပေးထားသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now