25

3.5K 239 45
                                    

"ယဿာ နုဘာဝတော ယက္ခာ၊နေဝ ဒဿေန္တိ ဘီသနံ
ယဉှိ စေဝါ နုယုဉ္ဇန္တော၊ရတ္တိန္ဒိဝ မတန္ဒိတော. . ."

ချိုမြိန်စွာ မေတ္တာသုတ်ရွတ်သံကြောင့် ဆတ်နွယ်သည် အေးချမ်းသော စိတ်အစုံနဲ့ အသံလာရာဆီ လှမ်းမျှော်ရီလိုက်သည်။

အောင်တော်မူ ဘုရားဝန်းထဲတွင် ညနေချမ်း လေးမို့ လေနုအေးလေး ခပ်ပြန့်ပြန့် တိုက်ခတ်နေသည်။

အသံပိုင်ရှင်၏ ရုပ်ကိုမူ မမြင်ရပေ။

သို့သော် ဆတ်နွယ်နှင့် ထိုအသံက နီး သထက် နီးလာသည်။

ဆတ်နွယ်က အဖြူရောင်လည်ကတုံး ရှပ်ဖြူနှင့် ပုဆိုးနက်ပြာကို တွဲဖက် ဝတ်ဆင်ထားသည်။သေသပ်စွာ လှန်ဖြီးထားတဲ့ ဆံပင်တွေ နဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အမူအရာသည် ဆယ်ကျော်သက်တွေလို ဝါဝါမြင်တိုင်း ရွှေမထင်တော့တဲ့ အသက်အရွယ် အပိုင်းအခြားကို ရောက်နေပြီ ဖြစ်ကြောင်း ကြေငြာနေသည့်နှယ်။

‌ဆတ်နွယ်. . .။
ဤ နာမည်ကို ကလျာမွန် ပေးခဲ့တာ ဖြစ်သည်။

တစ်ခါတစ်လေကျ ဆတ်နွယ်၏ မွေးသမိခင်သည် စိတ်ကူးယဉ်ဆန်တတ်ကာ ကြင်နာတတ်ပါသည်။သို့သော် တစ်ချိန်တည်းမှာပင် စိတ်ပျက်စရာကောင်းလွန်းသည်။

ကလျာမွန်က အရက်မမူးဘဲ စိတ်ကောင်း ဝင်နေချိန်ဝယ် ကိုးနောင်ကို ဆေးလိမ်းပေးတတ်သည်။တစ်ခါတစ်လေကျ အရက်သောက်ရင်း ကိုးနောင်နဲ့ ဆတ်နွယ်ကို သူ့မရဲ့ သူငယ်ချင်းနှစ်ယောက်လို သဘောထားကာ သူမအကြောင်းတွေ ပြောပြတတ်သည်။

သူမ က တက္ကသိုလ်မှာ ဘယ်လောက်လှကြောင်း၊ဘယ်လောက် လူကြိုက်များခဲ့ကြောင်းနဲ့ နောင်ဘုန်းသိုက်ကို ဘယ်လောက်ထိ အရူးအမူး ချစ်ကြောင်း. . .။

သို့သော် ပြောရင်း ဒေါသထွက်လာရင် ကိုးနောင်ကို ရိုက်ပစ်သည်။

ဆတ်နွယ် ကိုတော့မူ 'နင့်ဖေက ငါ့ကို မချစ်ဘူး' ဆိုပြီး တိုင်တန်းကာ အော်ငိုနေတတ်သည်။

မှန်သည်။
နောင်ဘုန်းသိုက်က ကလျာမွန်ကို မချစ်။

မျက်ဝန်းစိမ်းစိမ်း မျက်တောင်ရှည်ကြီးများနှင့် ပြင်သစ်သူ ရို့စ်မာလီ ကိုသာ အသည်းပေါက်မတတ် ချစ်သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now