32

2.2K 235 56
                                    

အသက် ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်သည် laptop ကို ခိုးယူကာ အခန်းကို တိတ်တိတ်လေး မီးမှောင်ချ၍ တားမြစ်ထားသော website ထဲသို့ ဝင်လိုက်သည်။အမှန်မှာ ဒီ ထဲသို့ ဝင်နည်းကို သူငယ်ချင်းဖြစ်သူက သင်ပေးခဲ့တာ ဖြစ်သည်။သူ့‌အဖေက ITပညာရှင်။

ဒီ website သည် serial killer တွေ ဒုစရိုက်သမားတွေနှင့် အလွန်အန္တရာယ်များသော ရာဇဝတ်ကောင်ကြီးတွေသာ သီးသန့် ရှိသော အမှောင်လမ်းကြောင်းငယ်။

ကောင်လေးက website ထဲတွင် အောက်ပါ အဓိပ္ပာယ်ရသော ပို့စ် ကို အလျန်အမြန် ရိုက် ရေးလိုက်သည်။

သို့ ချစ်ရပါသော လူသတ်သမားများ

သားကို ကူညီပေးစေလိုပါတယ်။သားရဲ့ မိထွေး ဘေယာမီကို သတ်ပေးပါ။
သူမ က သားတို့ ညီအစ်ကို နှစ်ယောက်ကို အလွန်ပဲ ညှင်းပန်းနှိပ်စက်လွန်းပါတယ်။။သား ညီလေးဆို ငါးနှစ်သာ ရှိ‌ပါသေးတယ်။သားတို့ သူ နှိပ်စက်တာ မခံနိုင်တော့ပါ။သား ကိုယ်တိုင် မသတ်ရဲလို့ ခင်ဗျားတို့ လာသတ်ပေးကြပါ။လိုချင်သလောက် ပေးပါမယ်။

သား လိပ်စာက အိမ် အမှတ်(. . .)၊New York မြို့ ။

++++

ထိုပို့စ်ကို တင်ပြီး တစ်လ အကြာ ထိုကောင်လေး ၏ အိမ်သို့ ည10နာရီ ခန့်တွင် လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်။

ထိုသူသည် အရပ် လွန်စွာ မြင့်လေသည်။တစ်ကိုယ်လုံး မှိုင်းမှိုင်းနက်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာအား လက်ကိုင်ပုဝါကို တြိဂံပုံစံ ခေါက်ကာ ကန့်လန့်ဖြတ် ဖုံးထားသည်။ထိုသူရဲ့ အစိမ်းရောင် မျက်ဝန်းတောက်တောက်ကြီးများကမူ အရည်ရွှမ်းစွာ လဲ့ရီသည်။

သူ့ လက်ထဲတွင် အသွားချွန်ထက်လှသော ပုဆိန်ကို ကိုင်ထားသည်။

အိမ်ထဲသို့ ညင်ညင်သာသာ ဝင်လာကာ လျှောက်ပတ်နေသည်။

"ကိုကို. . .ဘယ်သူလာနေတာလဲ"
အိပ်ရာပေါ်က ငါးနှစ်သားလေးက မေးသည်။

"ငါတို့ရဲ့ ကယ်တင်ရှင်. . .ဟား ဟား စတာ ဘယ်သူမှ မဟုတ်ဘူး မင်း အိပ်နှင့်. . ."

ငါးနှစ်သားလေးက ခေါင်းငြိမ့်ပြပြီး အိပ်ရာထဲ ကျုံ့ကျုံ့လေး ခွေနေသည်။သူ့တစ်ကိုယ်လုံး မိထွေးဖြစ်သူ ဘေယာမီရိုက်နှက်မှုကြောင့် ညိုမဲဖူးယောင်သဖြင့် ဖျားနေရှာသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now