35

2.1K 204 46
                                    

"တစ်ဦးတည်းသော ညီလေးကို တောင် မဖိတ်နိုင်တဲ့ ထိ စိမ်းကားရက်လိုက်တာ. . ."

"မင်းရှင်ကွန်း"

မင်းရှင်မော် နှုတ်က အာမေဍိတ် အသံနှင့် ခပ်ဖွဖွ ရေရွတ်လိုက်သည်။သူသည် တစ်ဆက်တည်း မာန်သွေးရောင်ကို ကြည့်လိုက်သော အခါ ထင်သည့်အတိုင်း မုန့်လုစားခံလိုက်ရတဲ့ ကလေးငယ်လို စူပုတ်စွာ။သို့သော် ဟန်မပျက်အောင် ထိန်းနေသည်။

မင်းရှင်မော်သည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကြား က မြက်ပင်လို ခံစားလိုက်ရသည်။

ကိုးနောင်က အသံရှင်ကို တစ်ချက်လှည့်ကြည့်ပြီး ခမ်းနော့ဝ်ကို လက်တို့သည်။

"ခမ်းနော့ဝ် ဒီမှာ ပွဲ ပွဲ. . ."

ခမ်းနော့ဝ်လည်း ခေါင်းနောက်လှည့်ကြည့်ရာ ပြဿနာရှင် မင်းရှင်ကွန်း ကို ပြူးပြူးကြီး တွေ့တော်မူလေသည်။ဤပြဿနာရှင်ကို ကိုးနွယ်က ရှေ့ဆုံးမှ ဦးဆောင်ကာ ခေါ်လာ၏။

"ဟုတ်ပ ရိုးရိုးပွဲ တောင် မဟုတ်ဘူး ရှယ်ကြီး. . ."

"ခမ်းနော့ဝ် ပွဲ ကြိုက်တယ်မလား"

"ဒါပေါ့ ဒါပေါ့"

ကိုးနောင်က ချစ်စဖွယ် ရယ်လိုက်သည်။မဟုတ်တာ လုပ်တိုင်း သူ့မျက်နှာကြီး တစ်ခုလုံး ပြုံးဖြီးနေတတ်သည်။ခမ်းနော့ဝ် မသင်္ကာ။

"မင်း မဟုတ်မှ"

"ဟုတ်တယ် ကိုယ် မင်းရှင်ကွန်း ဆီ သွား ရှို့လိုက်တာ "

ခမ်းနော့ဝ်က ကိုးနောင် လက်မောင်းကို မနာအောင် ရိုက်လိုက်သည်။

"ယုတ်မာတာ. . သူများ ကထိန်ကို ပွဲလာရှာနေတာ မာန်သွေးရောင် သိရင် ငါတို့ နှစ်ယောက် နှင်ထုတ်ခံရတော့မယ်"

"ဟိ ဟိ"

"ဘာ ဟိ ဟိ တုံး . . . မင်းက တ ဟိ ဟိ လုပ်နေ ဟို ‌ယောက်ဖ နှစ်ကောင် က စစ်ဖြစ်နေပြီ"

ကိုးနောင်က ခမ်းနော့ဝ် ပုခုံးကို ခေါင်းနဲ့ တိုက်ကာ ကြိတ်ရယ်နေသည်။ကိုးနောင်က စားချင်တာ စားရသော ကလေးပေါက်စ လို တ ဟိ ဟိနဲ့ ပျော်မြူးနေသည်။

"မင်း အဲ့မှာ ပွဲရှာနေလိုက်"

"မဆူပါနဲ့ . . .ကိုယ်က ဒီတိုင်းပဲ ပျင်းလို့ဟာကို"

'LOTUS KILLER' {Ongoing}Where stories live. Discover now