18

3.1K 285 27
                                    


"ကျွန်တော်ကတော့ ဒီကမ်းခြေပိုပြီး စည်ကားလာဖို့ စားသောက်ဆိုင်တန်းတွေ အထည်ဆိုင်တန်းတွေ ပို ထည့်ချင်တယ်. . . ပြီးတော့ လူငယ်တွေကြားရေပန်းစားဖို့ ဓာတ်ပုံရိုက်ဖို့ အတွက် သီးသန့် နေရာလေးပါ ပြင်ဆင်ပေးဖို့ စိတ်ကူးရှိတယ်ခင်ဗျ. . ."

ရှိုင်းမိုဟန်သည် ကျွန်းထိုင်ခုံကို နောက်မှီကာ
ဒီအစည်းအဝေးကြီးကို ပျင်းရိငြီးငွေ့စွာ နားထောင်နေလိုက်သည်။

ဒါပဲ ခဏတိုင်း ပြောနေသည်။ဒီနားက မတက်။

‌စီးကရက်ကို အဆုတ်ထဲထိ ရှိုက်သွင်းလိုက်ရင်း နားထဲ ဂွမ်းဆို့ရ ကောင်းလားဟု တွေးမိသေး၏။

ပျင်းလွန်းလို့ သဘာဝလေလေးကို ရှူရှိူက်ကာ ကမ်းခြေသောင်ယံဆီ အကြည့်အရောက် လက်ထဲက စီးကရက် ဘတ်ကနဲ ပြုတ်ကျသွား၏။

သူ့ တရားသူကြီးသည် သူ့နောက်ကို များ တိတ်တိတ်ကြိတ် လိုက်နေသလား မသိ။

ဟဲ ဟဲ ဟဲ . . .ခဏ ခဏ တွေ့နေရတာ မသင်္ကာစရာပဲ။ကံတရားကိုက ရှိုင်းမိုဟန် ဘက် အသာ ပေးနေသည်။

ရှိုင်းမိုဟန်က မက်တပ်ရပ်လိုက်ကာ

"ကျွန်တော်ကတော့ ဘာမှ အထွေထူး ပြောစရာ မရှိပါဘူး. . . ခင်ဗျားတို့ ကောင်းမယ်ထင်ရင် စိတ်တိုင်းကျသာ လုပ်ပါ. . ."

ဒီကမ်းခြေ ဒီနား ဧရိယာကို သူဌေးကြီးတစ်ဦးက ပုဂ္ဂလိက ပိုင်သည်။ခု အပန်းဖြေစခန်းဆောက်ဖို့ရာ ရှိုင်းမိုဟန်က ရှယ်ယာ 40% ထည့်ထားသည်။

"ခု အရေးကြီးကိစ္စလေး ရုတ်တရက် ပေါ်လာလို့ အရင် သွားခွင့်ပြုပါ"

နောက်လှည့်မကြည့်ဘဲ တန်းဆင်းလာသည်။

ရှိုင်းမိုဟန် စီးကရက်ကို နှုတ်ခမ်းမှာ ခဲလိုက်တော့ နောက်က black suit နဲ့ တပည့်တစ်ယောက်က မီးခြစ် တန်း ခြစ်ပေးသည်။

ဆတ်နွယ် ရေထဲနေ တက်လာနေသည်။

တစ်ကိုယ်လုံးမှာ အဝတ်အစားဆိုလို့ ခါးထက်က ဘောင်းဘီတိုတိုလေးပဲ ရှိသည်။

တောင့်တင်းသော ကြွက်သား အဖုအထစ်များက ရေစက်တွေ တွဲလွဲ ခိုလျက်။ရင်အုပ်ကားကားတွေပေါ် ရေစက်တွေက စီးကျနေပြီး ကြွက်သားအမြှောင်းမြှောင်းတွေကို ဖြတ်သန်းကာ ဘောင်းဘီထဲဝင်သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now