9

3.2K 303 24
                                    

မှန်လှောင်အိမ်တစ်ခု ထဲသို့ အဆိပ်တွေ အနှံ့ပက်ဖြန်း ချလိုက်သည်။

ဆယ့်ငါးမိနစ် အကြာ လှောင်အိမ်ထဲက ကြွက်ဖြူလေး တစ်ရာခန့်သည် ဗိုင်းကနဲ လဲကျ သေဆုံးသွားသည်။

"ဒီလောက်ဆိုရင်ကော"

အက်ဒန် ဝင်သီယာ က သူ့ရှေ့က ခြေတစ်ဖက်ချိတ်ကာ ထိုင်နေသော ဗိုလ်မှူးကို မေးလိုက်သည်။

"အထက်ကို တင်ပြကြည့်ဦးမယ်. . . "

"စစ်ပွဲတွေမှာ သုံးဖို့ အကောင်းဆုံး လက်နက်ပဲ. . .ကြွက်ဖြူတစ်ရာ‌လိုမျိုး လူတစ်ရာလည်း ‌ဗိုင်းကနဲပဲ . . . ဗိုလ်မှူးတို့ စစ်သားတွေ  ဘာမှ အားစိုက်စရာ မလိုတော့ဘူး ဒီဆေးက အလုပ် လုပ်သွားလိမ့်မယ် ဒါ အပြင်းထန်ဆုံး အ‌ဆိပ်. . . ထိရုံနဲ့ သေနိုင်တယ်. . ."

အက်ဒန်က ‌ဆေးဝါးဆိုင်ရာ ကျွမ်းကျင်ဒေါက်တာ တစ်ဦး ဖြစ်ပြီး အန္တရာယ်ရှိပြီး လူ့လောကကို ကောင်းကျိုးတစ်စက်မှ မပေးတဲ့ ဇီဝ သုတေသနများကို စမ်းသပ်တီထွင် ဖန်တီးသူ ဖြစ်သည်။

လန်ဒန်မြို့ (. . . .)တက္ကသိုလ်က ‌ရုက္ခဗေဒ
ပရော်ဖက်ဆာ ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။

သူ့ ဝါသနာက အလွန် ထူးဆန်းသည်။

အပင်မျိုးစိတ်တွေကို အသုံးပြုပြီး အန္တရာယ်များတဲ့ အဆိပ်တွေကို ဖော်စပ်ရတာပင်။

အဆိပ်တွေ ဖော်ချင်တိုင်း ဖော်ပြီး ဖြေဆေး ပြန်ရှာရတာ ကို သူ ကြိုက်သည်။

အချုပ်အားဖြင့် စဉ်းစားတွေးခေါ်ရတာ သူ အလွန် နှစ်ခြိုက်၏။

ဗိုလ်မှူးက အက်ဒန် ဖော်စပ်ပေးသော အဆိပ်ကို လက်နက်အဖြစ် သုံးခွင့်ပေးရန် အထက်အစိုးရကို တင်ပြသည်။သို့သော် အစိုးရက အဆိပ်၏ သက်ရောက်ပုံမှာ ရက်စက်လွန်းသည်ဟု ပြစ်တင်ဝေဖန်ခဲ့ပြီး ပယ်ချပစ်ခဲ့သည်။

ထို့အပြင် အက်ဒန်ကိုပါ ထောင်သုံးလနှင့် ဒဏ်ငွေ ရိုက်ခဲ့သည်။

သို့သော် ထောင်သုံးလနှင့် ဒဏ်ငွေလေးသည် အက်ဒန်ရဲ့ ဝါသနာကို တားဆီးနိုင်ခြင်းမရှိပေ။

သူ့ရဲ့ စမ်းသပ်ချက်တွင် ကြွက်များအစား လူသားများကို အသုံးပြုရလျှင်. . .။အ‌တွေးနဲ့တင် အက်ဒန် ပျော်ရွှင်သွားသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now