36

2K 198 25
                                    

ကိုးနောင် နဲ့ ပထမဆုံး စ စ ပြန် တွေ့ခဲ့သည့် နေရာကား ရတနာပုံ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ တွင် ဖြစ်သည်။

ခမ်းနော့ဝ်က ဆေးကျောင်းသား ပေါက်စ။
ကိုးနောင်က နိုင်ငံခြားပြန် ဘွဲ့ရခါစ။

သူငယ်ချင်းတွေ ကြားထဲ ခမ်းနော့ဝ် အာကျယ် သလောက် ကိုးနောင် က ခပ်ဆိတ်ဆိတ်သာ။

သူ ကိုးနောင်ကို ပြန်တွေ့တော့ " ဉာဏ်ကိုးနောင် ပဲ " ဟူသော အသိမှတ်ပြုမှုက လွဲ ဘာမှထူးထူးခြား မခံစားရပါ။

ကိုးနောင်က ငယ်တုံးကထက် အရပ် မြင့်လာတာကလွဲ အေးတိအေးစက် ဆီနှင်းခဲလေး ဖြစ်နေဆဲ။နှစ်ယောက်သား အကြည့်ချင်း စုံသွားရင် ခမ်းနော့ဝ်ကပဲ လူမှုရေး အရ အရင် ပြုံးပြလိုက်တိုင်း ကိုးနောင်က သိမ်မွေ့စွာ မျက်လွှာချသွားသည်။ကိုးနောင် ရဲ့ မျက်တောင်ရှည်ကြီးတွေ ကို ခမ်းနော့ဝ် သည် မသိမသာ ငေးမောခဲ့ရသည်။

မကြာခင် ကိုးနောင်က စားပွဲပေါ် ခေါင်းစိုက်ကျသွားသည်။အရက်မူးသွားတာ ဖြစ်သည်။

နီမြန်း မြန်း နှင့် ရီဝေဝေ မျက်နှာချောချောက စားပွဲပေါ်တွင် မှောက်ရက်လေးလှဲနေ၏။တရုတ်ယပ်တောင်လို  မျက်တောင်ဝိုင်းဝိုင်းကြီးများက ပုတ်ခတ် ပုတ်ခတ် နှင့်။အစိမ်းရောင် မျက်ဝန်းလေးက ခပ်မှိန်မှိန်။နှာခေါင်းထိပ်လေးများက အနည်းငယ် ရဲတွတ်နေသည်။

ဉာဏ်ကိုးနောင်တွက်ဆို ဂေးလိုသော ရတနာပုံက အမျိုးသားထုသည် ဉာဏ်ကိုးနောင်ကို သူ အိမ်ပြန်ပို့မယ် ငါ အိမ်ပြန်ပို့မယ် ငြင်းကြ ခုန်ကြသည်။

ထိုစဉ် ကိုးနောင်က မက်တပ်ရပ်ကာ ခမ်းနော့ဝ်ဆီ ခပ်ယိုင်ယိုင်လျှောက်လာပြီး ခမ်းနော့ဝ် ပေါင် ပေါ် ရုတ်ချည်း လှဲအိပ်သည်။

"မင်း တို့ နှစ်ယောက်က ခုထိ တွဲတုံးလား. . "

"အေး"

ကိုးနောင်က ခမ်းနော့ဝ်ကို လမ်းခွဲစကားလည်း ပြောမသွားတာကြောင့် 7နှစ်တာ ဝေးကွာနေခဲ့ပေမယ့် ရည်းစား အဖြစ် အကျုံးဝင်သေးသည် မဟုတ်လား. . .။

အဆုံးသတ်၌ ခမ်းနော့ဝ် သည် ကိုးနောင်ကို အိမ်ပြန်ပို့ ဖို့ရန် တာဝန်ကျလာသည်။သို့သော် ခမ်းနော့ဝ်မှာ ကံကောင်းထောက်မစွာ နှင့် ခမ်းနော့ဝ်ရဲ့ များမြောင်လှတဲ့ ဖုန်း contact သောင်း ခြောက်ထောင်ဝယ် ဆတ်နွယ် ပါလေသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now