11

3.3K 284 17
                                    

စိုင်းဆိုင်ခမ်းနော့ဝ် နဖူးကို နူးညံ့သည့်
ဝါဂွမ်းစိုင်လေးက ထိတွေ့နေသည်။ထို ဝါဂွမ်းလေးက ခမ်းနော့ဝ် ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို ပွတ်တိုက်နေပြန်သည်။ပြီး နှုတ်ခမ်းနုနုပေါ်ဝယ် တော်တော်ကြာသည်ထိ စခန်းချနေသည်။

ခမ်းနော့ဝ် အိပ်ချင်နေသေးသည်။

အိပ်ချင်ဇောကြောင့် မျက်နှာပေါ် ရှုပ်နေသော ဝါဂွမ်းလုံး ကို ဖယ်ရန် လက်လှမ်းလိုက်သည်။

"အ့"

ဝါဂွမ်းကြီးက စကားပြောတတ်ပါပကော။

ခမ်းနော့ဝ်က မျက်လုံးမှိတ်ထားရင်းပင် ဝါဂွမ်းလုံးကို ဆွဲညှစ်လိုက်သည်။

"အ့!"

ခမ်းနော့ဝ် မျက်လုံး ဆတ်ကနဲ ပွင့်လာသည်။

သူ့ လက်ထဲက ဝါဂွမ်းလုံးကို ကြည့်လိုက်ရာ ကိုးနောင် နှာခေါင်း ဖြစ်နေသည်။ကိုးနောင်က မျက်မှောင်ကုတ်ကာ သူ့ကို စိုက်ကြည့်နေသည်။သဘော က သူ့ နှာခေါင်းကို ဆွဲထားတာ နာတယ်ပေါ့။

ခမ်းနော့ဝ်က လွှတ်လိုက်တော့ ကိုးနောင်က သူ့ နှာခေါင်း ချွန်ချွန်ကို လက်ဖမိုးနှင့် ပွတ်နေသည်။

ကိုးနောင်က မိတ်ကပ်ရောင် လည်ပိတ်ဆွယ်တာ အပါးကို ဝတ်ထားသည်။လည်ပိတ်ဝတ်ထားတာတောင်မှ လည်တိုင် စောင်းလိုက်လျှင် Marking ရာကြီးတွေက မြင်နေရသေး၏။

"8နာရီတောင် ထိုးတော့မယ် ထတော့. . . ကိုယ် ပေါင်မုန့်ကြက်ဉကြော် ကြော်ထားတယ်. . . မျက်နှာ မြန်မြန်သစ်ပြီး ဆင်းလာခဲ့ . . . ကိုယ် မင်းနဲ့ အတူ စားဖို့ စောင့်နေတာ ဗိုက်ဆာနေပြီရော်. . . "

"အင်း. . ."

ခမ်းနော့ဝ်က သံရှည်ဆွဲကာ ပြောလိုက်သည်။

ခမ်းနော့ဝ် ပျင်းကြောဆန့်လိုက်ပြီး ဆေးရုံကို နေမကောင်း ဘူး ဟု ဖုန်းဆက်ပြောလိုက်ကာ ခွင့်ယူလိုက်သည်။

လူ က နေကောင်းပါ၏။
စိတ်က တကယ် နေမကောင်းပါလေ။

ခမ်းနော့ဝ် အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။ဘေးက ကိုးနောင်ခေါင်းအုံးကို ဆွဲယူပြီး ဖက်လုံး လို ခွဖက်လိုက်သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now