38

4K 243 66
                                    

အဆင်းသဏ္ဍာန်ညိုညစ်ညစ် နှင့် ယိုယွင်းနေသော စောင်းတန်းအိုကြီးအောက်က သစ်သားခုံတန်းပေါ်တွင် အမျိုးသားတစ်ယောက်သည် ‌‌ထိုင်လျက်ရှိလေသည်။

သူသည် အဖြူရောင် ရှပ်ပေါ် ဖက်ဖူးရောင် တိုက်ပုံကို ဝတ်ထားပြီး ရေညှိစိမ်းအောက်ခံ ရွှေချည်မျှင်များနှင့် ရက်လုပ်ထားသော ပုဆိုးကို ဝတ်‌ဆင်ထားရာ အဝတ်အစားမှ အစိမ်းနှင့် သူ၏ စိမ်းစိမ်းညှို့ညှို့ မျက်ဝန်းတို့သည် စပ်ဟပ် မိကြပြီး ပနံသင့်လှပေသည်။

သူ၏ နှာခေါင်းထိပ်သည် အေးသော ရာသီဥတုကြောင့် အနည်းငယ် ရဲတွတ်လျက်ရှိမှာ ရင့်ကျက်တည်ငြိမ်သော သူ့အသွင်အပြင်အောက် ချစ်ဖွယ်သဏ္ဍာန်ကို ကိန်းဝပ်စေလေသည်။

သူက အဝေးတစ်နေရာကို ငေးမောနေလေသည်။

မျက်ဆံစိမ်းစိမ်းလေးများက သေလျက်ရှိသော်လည်း ကာရံထားသော မျက်တောင်ကြီးများက တစ်ချက် တစ်ချက် ဆတ်ကနဲ ဆတ်ကနဲ တုန်ယင်သွားတတ်သည်။အဘယ်ကြောင့်ဆိုသော် သူ သည် ကျောင်းအောက်က ဇီးပူသီးကို ကောက်ခဲ့ပြီး စားနေလေကာ ဇီးပူသီးက ချဉ်သောကြောင့် ဖြစ်သည်။

သူ အတွေးများသည် တောင်စဉ်မရ။ဟိုရောက်လိုက် ဒီရောက်လိုက်။ထိုစဉ် သူ့မျက်ဝန်းထောင့် ရိပ်ခနဲ လူတစ်ယောက်။

မက်ရှလေ ဖြစ်သည်။

မက်ရှလေသည် ဒယ်အိုးကြီးများနှင့်  ထမင်း ဟင်း ချက်ပြုတ်နေတဲ့ အဒေါ်ကြီးတွေနား သွားကာ ကင်မရာတစ်လုံးနဲ့ "What are you doing? Can I take a photo? ဆိုပြီး အီး လို မှုတ်ကာ စပ်စုနေသည်။

မက်ရှလေ စပ်စုတာ ဒါတင်မဟုတ်။ သူနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိသော ပါဠိကျမ်းစာတွေကို စပ်စုသည်။ဖြစ်ချင်တော့ ကျောင်းထိုင်ဆရာတော်က လူဝတ်ကြောင် ဘဝက ရုရှားစကား သင်ခဲ့ဖူးသည်။ထိုအခါ မက်ရှလေ ရဲ့ တောင်မေး မြောက်မေး တွေကို လုံးစေ့ပတ်စေ့ ဖြေနိုင်သည်။

မက်ရှလေ က စာလုံးဝိုင်းဝိုင်းလေး နှစ်ထပ်ဆင့်တွေက လှလိုက်တာ ချစ်စရာလေးဆိုပြီး သရဏဂုံ သုံးကြောင်းကို စာရွက်နဲ့ ကူးသွားသည်။

သူ အဲ့လို လျှောက်စပ်စုကာ ဟို စု ဒီစု လုပ်လို့လည်း သူ့ဦးနှောက်သည် Google ထက် ပို စုံနေလေပြီ။

'LOTUS KILLER' {Ongoing}Where stories live. Discover now