"မောင် မင်း လိပ်စာက မှန်ရော မှန်ရဲ့လားကွာ. .ဒီ လမ်းတင် မင်း ပတ်နေတာ တစ်နာရီ ရှိလှပြီ . ."
"ရှင်မော် ကလည်း မောင် လည်း ရှာနေတာပဲကို . . . မောင် အ အားနေနေတာမှ မဟုတ်ဘဲ. . ."
"ကျစ်. . .ကြာတာကွာ မြန်မြန်ရှာ ငါ ဗိုက်ဆာတယ်. . ."
မာန်သွေးရောင် က မင်းရှင်မော်ရဲ့ စိတ်မရှည်မှုတွေကို သည်းခံစွာနှင့် လေပူတွေကို နှာဖျားမှ တစ်ချက် မှုတ်ထုတ်လိုက်သည်။
မင်းရှင်မော်နဲ့ ပြိုင် ငြင်းမနေချင်တော့။
"ဒီ အိမ်နဲ့ တူတယ်. . . မောင် လည်း မရောက်တာကြာတော့ သိပ်မမှတ်မိချင်ဘူး. . ."
မာန်သွေးရောင်က အရှေ့ နားဆီက ကွမ်းယာဆိုင်ဆီမှာ ကားရပ်လိုက်ပြီးနောက် ကားမှန်ချကာ
"တစ်ဆိတ်လောက်ပါခင်ဗျ. . .ကိုဉာဏ်ကိုးနောင်ရဲ့ အိမ်ကို သိလား"
အမေးခံရသော ဦးလေးသည် ခေါင်း တဗျင်းဗျင်းကုတ်လိုက်သည်။ဒီ ရက်ကွက်ထဲနေတာ ကြာပါပြီ။သို့သော် ဤကိုးနောင် ကို မသိပေ။
"မသိဘူး ငါ့ညီ. . ."
မင်းရှင်မော်က ကျစ်ခနဲ စုတ်ထပ်သပ်ကာ
"မာန်သွေးရောင် မင်းဖယ် ငါမေးမယ်. . . ဒေါက်တာ စိုင်းဆိုင်ခမ်းနော့ဝ်ရဲ့ အိမ် သိလားဗျ"
ထိုခါမှ ထိုလူသည် အလင်းပေါက်သွားကာ
"ဪ ဒေါက်တာ့အိမ် က ဒီလမ်းကိုပဲ ညာချိုးလိုက်ရင် ရောက်ပြီ . . .ခြံ အကြီးကြီးနဲ့ အိမ်အကြီးကြီး က ဒေါက်တာ အိမ်ပါပဲ"
"ကျေးဇူး"
ဒေါက်တာစိုင်းဆိုင်ခမ်းနော့ဝ် ဆို တစ်ရက်ကွက်လုံး သာမက တစ်မြို့လုံး သိသည်။အပြုံးချို၍ စိတ်သဘောထား ကောင်းလှသော ဒေါက်တာလေးကို မြင်ရုံနဲ့ပင် ရောဂါ တစ်ဝက် အသာလေး သက်သာစေသည်။သို့သော် ဉာဏ်ကိုးနောင်ကိုတော့ မသိပေ။
မင်းရှင်မော်က မာန်သွေးရောင် ခေါင်းကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး "ငါ မပါရင် မပြီးဘူး" ဆိုသော အထာနဲ့ ငေါ့သည်။
"ကိုယ့် အဆက်ဟောင်း လိပ်စာ ကိုယ် သေချာ မှတ်ထားမှပေါ့. . ."
"ရှင်မော် ! "
YOU ARE READING
'LOTUS KILLER' {Ongoing}
Horrorအမှောင် အောက်က ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်းစာတွေ ထဲ က ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killerဟာ သူ့ ဘေးနားမှာ အိပ်နေတဲ့ သူ ချစ်သောအမျိုးသား...