16

2.9K 266 6
                                    

နိုဝင်ဘာလရဲ့ ချမ်းမြမြ ဆောင်းညဝယ် အေဗလင်က သူ့ရှေ့က မလှမ်းမကန် ခုံမှာ ထိုင်နေတဲ့ ဉာဏ်ကိုးနောင်ကို ချောင်းကြည့်နေခဲ့သည်။

ကိုးနောင်က လည်ပိတ်ဆွယ်တာ အထူ နို့စိမ်းရောင်ကို ဝတ်ဆင်ထားပြီး ခြေတစ်ဖက်ချိတ်ကာ ထိုင်နေသည်။အာရုံက လက်ထဲက ကင်မရာကို သာ စူးစိုက်နေလျက်။

ပါရီမြို့လယ်သည် ဆောင်းည ရှိုးပွဲများနဲ့ စည်ကားလျက်ရှိသည်။ခရစ်စမတ်သစ်ပင်များပေါ် နှင်းဖြူဖြူများ ဖွေးလျက်။

ကိုးနောင်က ထ လိုက်ကာ စင်ပေါ်က အဆိုတော်မလေးကို ဓာတ်ပုံရိုက်နေသည်။

ရှည်လျားသော အရပ်အမောင်းက ဝါးပင်လေးလို ဖြောင့်စင်းစွာ။ကင်မရာကိုင်ထားတဲ့ လက်ချောင်းလေးများက ရှည်သွယ် ဝင်းမွတ်စွာ။

အေဗလင် စိတ်ထဲ မရိုးမယွ ဖြစ်လာသည်။သောက်ထားတဲ့ ဘီယာတန်ခိုးကြောင့် သွေးက ခပ်ရဲရဲ။

ကိုးနောင်ကို လိုချင်သည်။အရမ်း လိုချင်သည်။စောက်ရမ်းကို လိုချင်သည်!!!။

ကိုးနောင် ကို ရလျှင် သူ့ အိပ်ခန်းထဲကနေ တစ်သက်လုံး ပေးထွက်မှာ မဟုတ်တော့ပေ။

အေဗလင် သွေးကြွနေသည်။

ကြည့်လေ ကြည့်လေ သည်းမခံနိုင်တော့တာနဲ့ ကိုးနောင် အနားကို သွားကာ ခါးကို ဖက်ဖို့ အရှိန်နဲ့ ပြေးလာသည်။

ကိုးနောင်အရပ်က အတော်လေး ရှည်သည်။အေဗလင် အရပ်တောင် သူ့ပုခုံးလောက်ပဲ ရှိသည်။ပြေးလာတာ အရှိန်လွန်သည့် အပြင် ကိုးနောင်က အနောက် ကျောပေး လှည့်လိုက်တာကြောင့် လက်က ခါး မရောက်ဘဲ တင်ပါးဆီ ရောက်ကာ ချော်ထွက်သွားသည်။

'ဖြန်း' ဆိုသည့် အသံက ကျယ်လောင်စွာ။
အသံကျယ်ကျယ်ကြောင့် လူတွေက သူတို့ နှစ်ယောက်ဆီ ဝိုင်းကြည့်လာကြသည်။

ကိုးနောင်က သူ့ကို လှည့်ကြည့်သည်။သူ့ ဘဝ တွင် အဲ့ အကြည့်ကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ပေ။

ဗလာဖြစ်နေတဲ့ မျက်ဝန်းသေတွေက ကြက်သီးထစရာ ကောင်းလွန်းအောင် အေးခဲနေသည်။ဗလာ မျက်ဝန်း၊ မာကျော တည်တံ့လွန်းတဲ့ မျက်နှာ။

'LOTUS KILLER' {Ongoing}Donde viven las historias. Descúbrelo ahora