39

489 57 5
                                    

မာန်သွေးရောင် ကိုးနောင်ဆီ လာလည်တုံးက ကိုးနောင် ကျောင်းတက်နေတုံး ဖြစ်သည်။ third yr လား fourth yrလားတော့ သူ မမှတ်မိ။

ဖြစ်ချင်တော့ မင်းရှင်မော်နဲ့ မာန်သွေးရောင် အကြီးကျယ်ကို ရန်ဖြစ်သည်။

ထို့ကြောင့် မာန်သွေးရောင် သည် မင်းရှင်မော်ကို စိတ်နာကာ 'ငါ မရှိမှ ငါ တန်ဖိုးကို သိမယ်'ဟု ကြိမ်းဝါးလျက် စကြာဝဋာအဆုံးကို ပြေးထွက်သွားရန် ကြံစည်ခဲ့သည်။သို့သော် ပြေးတာတော့ဟုတ်ပါပြီ ခက်တာက ဘယ်ပြေးရမှန်းမသိ။

မြန်မာနိုင်ငံတွင်းဆို သေချာပေါက် မင်းရှင်မော် စက်ကွင်းမှ မလွတ်နိုင်။ဒင်းက စုံ၏။

ထိုကြောင့် သူ့ရဲ့ ပစ်မှတ်သည် အင်္ဂလန် လန်ဒန်က တစ်စုံတစ်ကိုး ဆီ။

အဝတ်စားတွေပါထုတ်၊ လေယဉ်လက်မှတ်ဖြတ်ကာ ဆတ်နွယ်ဆီ ဖုန်းဆက်လိုက်သည်။

"သားကြီး. . .မင်း အစ်ကို ဖုန်းနံပါတ် ပေးစမ်းပါ"

"ဟမ်"

တစ်ဖက်မှ ဆတ်နွယ်က အိပ်ချင်မူးတူးသံနှင့်။ဒီကောင် စာကျက်ရာမှ ထလာဟန်။

ဆတ်နွယ်က ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြလိုက်သည်။

တကယ်တော့ ဆတ်နွယ် နဲ့ ကိုးနောင်သည် ကွဲကွာနေတဲ့ 7နှစ်တာတွင်း သိပ်တော့ အဆက်အသွယ်မပြတ်လှ။နေ့တိုင်း မဟုတ်တောင် သတိရရင် ရသလို စာပို့တတ်သည်။အထူးသဖြင့် ကိုးနောင် က အမြဲ လာ လာ ပို့သည်။သူ အားနေ ယားနေ ပျင်းရင်ပေါ့။

ကိုးနောင်ကို ဖေဖေ အင်္ဂလန်‌ဆေးရုံ ပို့လိုက်တာ ဆတ်နွယ် သိသည်။သုံးလအကြာ ဆေးရုံကထွက်လာပြီးနောက် ဆတ်နွယ်ကို viberကနေ လာ ဟိုင်းသည်။

ကိုးနောင်သည် အပြင်မှာ အေးတိအေးစက် နိုင်သလောက် Viber တို့ massager တို့မှာ စကားပြောရင် တအား ချစ်ဖို့ကောင်းသည်။

ချစ်စရာကောင်းတဲ့စတစ်ကာလေးတွေ အမြဲ သုံးတတ်သည်။ကိုးနောင် ရဲ့ ဖုန်းထဲက အမူအယာ စကားပြောပုံနဲ့ အပြင်ပုံ တစ်ခြားစီ ဖြစ်သည်။

ကိုးနောင်က ငယ်ကတည်းက စကားပြောရင် ကိုကို ကိုကို လို့ ထည့်သုံးတတ်သည့်အကျင့်ရှိပြီး ဆတ်နွယ်ကလည်း ကိုကို ပဲ နှုတ်ကျိုးနေသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now