23

3K 253 19
                                    

ရှိုင်းမိုဟန်က မျက်ခုံး တစ်ဖက်ပင့်ပြီး ဆတ်နွယ်ကို  ခပ်ထေ့ထေ့ လှမ်းကြည့်စဉ်
ဆတ်နွယ်က မျက်မှောင်ကို တွန့်ချိုးသွားသည်။

ရှိုင်းမိုဟန်က မှီထားသော မာစီဒီ ကားကြီး၏ နောက်ဖုံးတံခါး ဖွင့်လိုက်သောအခါ ရာချီသော မိုးပျံပူဖောင်းများက ကောင်းကင်ထက်သို့ တလူလူ လွင့်တက်သွားသည်။တရားရုံးကြီးကို ဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံ ပူဖောင်းများက အုပ်မိုး ဖုံးလွှမ်းသွားသည်။ပူဖောင်းများ အားလုံးပေါ်တွင် ရေးထား ထားသည်ကား ဘုန်းဆတ်နွယ်ကို ချစ်တယ် ဟူ၍။

ဘေးက အနက် suitနဲ့ bodyguard တစ်သိုက်ကလည်း မျက်နှာသေကြီးတွေနဲ့ လက်ကို မြှောက် အသည်းပုံလေး ညီညီညာညာ ထောင်ပြသည်။

‌ရှေ့နေ‌တွေ အကုန် ပြုံးစိစိ ဖြစ်နေကြပြီး အခြား တရားသူကြီးတွေက 'လူပျိုကြီး နောက်ဆုံးတော့ ရောင်းထွက်တော့မှာပဲ' ဆိုသော မျက်နှာဘေးနဲ့ ဆတ်နွယ်ကို ကြည့်လာကြသည်။

တရားလို၊တရားခံတွေက အစ ကိုယ့် အပူကို မေ့ကာ တရားရုံးပေါက်ဝတည့်တည့်က
မာစီဒီ ကားကြီးနဲ့ propose လာ လုပ်သော အမျိုးသားကို လည်းကောင်း၊တင်းမာ ခက်ထန်သော မျက်နှာနဲ့ တရားသူကြီးကို လည်းကောင်း စပ်စပ်စုစု ဝိုင်းကြည့်နေကြသည်။

ဆတ်နွယ် မျက်နှာ ရှက်စိတ်နဲ့ မွှန်ထူသွားသည်။လူရှေ့ သူရှေ့မှာ ပေါ်ပင်လုပ်တာလောက် ဆတ်နွယ် မုန်းတာ မရှိ။‌နှစ်ယောက်တည်း ကပ်ပြောလည်း ရပါလျက်နဲ့ အကြီးအကျယ် ဇာချဲ့နေသည်။

ရှိုင်းမိုဟန်သည် ဘယ်လောက် ငြင်းငြင်း နားမပါသောသူလို မျက်နှာပြောင်တိုက်သည်။

"လှမောင်"

"ဗျာ ဆရာ"

"သူ့ကို အသရေဖျက်မှုနဲ့ ထောင်ထဲ ထည့်လိုက်. . ."

ဆတ်နွယ်က ‌တည်ငြိမ်စွာ တစ်ချက်ကြည့်ပြီး ရုံးခန်းထဲ ပြန်ဝင်သွားသည်။

ရှိုင်းမိုဟန်သည် ဒီလို romantic ဆန်ဆန် ဖွင့်ပြောရင် ဆတ်နွယ် စိတ်ယိုင်မလား တွေးခဲ့မိတာ မှားသွား၏။

"Bossကို ကျွန်တော်တို့ ပြောပါတယ်. . .Boss လိုက်နေတာ ကလေကချေ အုတ်ကြားမြက်ပေါက်ကောင်‌တွေ မဟုတ်ဘူး. . . တရားသူကြီးပါလို့  . . . မထော်မနန်းတွေ သွားလုပ်လို့ အခန့်မသင့်ရင် ဂျေးအောင်းရမှာလို့ . . .ခုတော့ ကျော်တို့ ဂရုလိုက်ကြီး ဂျေးအောင်းနေရပြီ . ."

'LOTUS KILLER' {Ongoing}Where stories live. Discover now