6

3.3K 310 10
                                    

----- ခုနှစ်၊ ဇန်နဝါရီလ လေးရက်။

ပြင်သစ်နိုင်ငံ ပါရီ မြို့ရှိ ရဲစခန်းကို anonymousဖုန်းကော်လ် တစ်ခု ဝင်လာခဲ့သည်။

"My dear, sir"

ဟု အစချီထားသော တစ်ဖက်လူ၏ အသံဩဩကို ရဲ အရာရှိ ဂရုတစိုက် နားထောင်လိုက်သည်။

"------‌ရေဆိုး‌မြောင်း တံတား အောက်မှာ ခေါင်းပြတ်နေတဲ့ အလောင်းတစ်လောင်း ရှိပါတယ်. . . ခေါင်းကို  ------  တောစပ်ထဲမှာ မြုပ်ထားပါတယ် . . .သေတာ တစ်ပတ်ရှိပါပြီ Sirတို့ ခု ထိ ရှာမတွေ့သေးလို့ လှမ်းအကြောင်းကြားတာပါ တာဝန်ကျေလိုက်ပါဦး. . ."

အသံက ဆေးဆေး တည်ငြိမ်လွန်း၍ ရဲ က သူ့ကို လာနောက်နေတာလား လို့ ထင်လိုက်သည်။သို့သော် မသင်္ကာ၍ သွားစစ်ရာ ဖုန်းတဲ့ကလူ ပြောတဲ့ အတိုင်းပင် ခေါင်းပြတ်နေသော အလောင်းတစ်လောင်းက တံတားအောက်ခြေဝယ် ပုပ်ပွစွာ သေဆုံးလျက်ရှိသည်။

"ယနေ့ နံနက် 6နာရီ 37မိနစ် အချိန်တွင်  အမည်မသိ ဖုန်းခေါ်ဆိုမှု အရ၊ ----- နေရာမှ အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိ ၊အလောင်း၏ ခေါင်းမှာ တိတိပပ အခုတ်ခံထားရပြီး ခန္ဓာကိုယ်တစ်လုံး ထိုးနှက် ကန်ကျောက်ရာများ ပြည့်နှက်၊ထပ်မံ‌တွေ့ရှိချက်အရ သေဆုံးသူအမျိုးသား၏ လိင်အင်္ဂါကိုပါ အပိုင်းပိုင်း လှီးဖြတ်ထား၊ သေဆုံးသူ ဘယ်သူ ဘယ်ဝါ ဖြစ်သည် ဆိုတာကို အာ‌ဏာပိုင်ရဲများ ဆက်လက်ရှာဖွေ စုံစမ်းလျက်ရှိကြောင်း"

အထက်ပါစာ သည် သတင်းစာ ခေါင်းကြီး ပိုင်း အသီသီး များတွင် နေရာ ယူခဲ့သည်။

ရဲ များ ခန့်မှန်းချက်အရ ဖုန်းခေါ်ဆိုသူ မှာ လူသတ်သမား ကိုယ်တိုင် ဖြစ်သည်။

လူသတ်သမား က သတ်ပြီး သူ ဖွက်ထားတဲ့ နေရာ ရဲတွေ မသိမှာ စိုးလို့ သူ ကိုယ်တိုင် လှမ်းအကြောင်းကြားပါသည် တဲ့။

‌သွေးတိုးစမ်း တာလား၊မျက်ခွက် လာပြောင်နေတာလား လူသတ်သမား ကိုယ်တိုင်ပဲ သိလိမ့်မည်။

လူသတ်ပြီး လူသတ်သမားကိုယ်တိုင် ဖုန်းဆက် တိုင်ကြား ဆိုသော ခေါင်းစဉ်နှင့် ဤမြောင်း အောက်က လူမဆန်သော လူသတ်မှုသည် ပြင်သစ် နိုင်ငံသာမက ပြည်ပ ထိတိုင် နာမည်ကျော်ခဲ့သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now