44

504 67 4
                                    

ည မှောင်မှောင်။

အခန်း ပေါင်းများစွာ။

တိတ်ဆိတ်သည်။နောက်ပြီး အေးစိမ့်သည်။

"ကယ်ကြပါဦး" ဟု အော်ဟစ်ပစ်လိုက်ချင်သည်။သို့သော် လည်ချောင်းဝမှာ အသံက တစ်နေသည်။အသည်းထိ တုန်အောင် ရိုက်သွင်းထားတဲ့ ကြောက်စိတ်က သူ ခံနိုင်ရည်အားကို လျှော့ကျစေသည်။

မျက်လုံးတွေနဲ့ ကူပါ ကယ်ပါ အချက်ပြသည်။
သို့သော် ဘယ်သူမှ သူ့ကို သတိမထားမိကြ။

သူ့ ဘဝ တစ်လျှောက်လုံး လူသတ်ဇာတ်ကားများစွာ ကြည့်ခဲ့ဖူးသည်။ဆရာဝန်တစ်ယောက်မို့ လူပေါင်းများစွာ ကို ခွဲစိတ်ခဲ့ဖူးသည်။ရက်စက်ဆုံးဟု လူမှုဝန်းကျင်က သတ်မှတ်သမျှ သူ ထိတွေ့ခဲ့ဖူးသည်။ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန်ရှိမှ လူသတ်သမား၊လူဆိုးတစ်ယောက် မဟုတ်ကြောင်း ထိုယောက်ျားသည် သူ့ကို သင်္ခန်းစာကောင်းကောင်းကြီး ပေးသည်။

ဘုရားသခင်သည် ထိုလူသားကို အလှပဆုံး ထုဆစ်ပေးခဲ့ ပေမယ့် အသည်းနှလုံး ထည့်ပေးဖို့ မေ့လျော့ခဲ့ဟန်။ဘဝ ၏ ငရဲ ဆိုတာ ကို ထိုအမျိုးသားကြောင့် သိခဲ့ရသည်။

ထိုယောက်ျားက သူ့အား ကြင်ကြင်နာနာ ပြုံးပြပြီးနောက် သူ့မျက်နှာကို အပ်နှင့် ထပ်ခါခါ ချုပ်သည်။နောက်ဆုံး အိုမင်း ရွတ်တွနေကာမှ ရပ်သည်။မျက်နှာသာမက လက်ချောင်းတွေကိုလည်း ချုပ်သည်။လူမြင်ကွင်းဝယ် မြင်သည့် ခန္ဓာ အစိတ်ပိုင်းတိုင်း အပ်နှင့် လိုက်ချုပ်သည်။ထုံဆေး သုံးထား၍ နာကျင်မှု မခံစားရ။သူ လုပ်သမျှ လက်ပိုက်ပြီး ထိုင်ကြည့်နေရုံသာ။

သူ့ကို ရက်စက်စွာ ပြန်ပေးဆွဲ၍ အခန်းတစ်ခုထဲ ရက်ပေါင်းများစွာ ပိတ်ထားခဲ့သည်။ခန့်မှန်းချေ တစ်လ နီးပါး။ထိုစဉ်တွင်း သူ့ အမျိုးသားအင်္ဂါကို ဖြတ်ပစ်သည်။မရိုးနိုင်သော ခွဲစိတ်မှုအမျိုးမျိုးလုပ်သည်။သူရဲ့ ကျားတစ်ကောင်လို မာကျောသော စိတ်ကို ပုရွတ်ဆိတ်တစ်ကောင်လို နင်းခြေသည်။

နုဖတ်ဟန် လက်ချောင်းရှည်ရှည်သွယ်သွယ်များကို လက်အိတ်ဖြူစွတ်လိုက်တိုင်း သူ့ အသည်းများ အေးခဲသွားသလို။ထိုလက်များက သူ့ အမျိုးသားအင်္ဂါကို သူ့ မျက်စိရှေ့မှာတင် ဖြတ်ထုတ်ပစ်သည်။သူ သေသွားပြီ ထင်ခဲ့သည်။သေအောင်လည်း ထိုဘီလူးက အသေသတ်သည်။

'LOTUS KILLER' {Ongoing}Όπου ζουν οι ιστορίες. Ανακάλυψε τώρα