10

3.6K 285 17
                                    

"အဟွန်း"

မာန်သွေးရောင် ခေါင်းမူးလာသည်။

သူက မာန် စာအုပ်တိုက် ပိုင်ရှင်၊အောင်မြင်နေတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်သည်။M သတင်းစာတိုက်၏ အယ်ဒီတာချုပ်လည်း ဖြစ်သည်။

ဒီနေ့ စာပေလောကသား အချင်းချင်း မိတ်ဆုံစားပွဲ လုပ်ကြသည်။ချိန်းကြတုံးက စားသောက်ဆိုင် ကောင်းကောင်းမွန်မွန်။နောက် ဘယ်နည်း ဘယ်ပုံကြောင့် ကလပ် ရောက်လာကြမှန်းမသိ။

မီးရောင်စုံ စုံ ကြား ကခုန်နေသူများ၊ အုံးဒိုင်း အုံးဒိုင်း ဆူဆူညံညံ သီချင်းသံ တွေ အကြား မာန်သွေးရောင် တော်တော်လေး စိတ်ရှုပ်လာ၏။

ခု သူ ဆုံတွေ့နေတဲ့ သူတွေက စာပေကို ဗန်းပြကာ အညှီဟောက်ဆန်သော သူတွေပင်။ဒီလို အသားထဲက လောက်ထွက် သည့် လူတွေ က နယ်ပယ် အသီးသီး တွင် ရှိသည်။သွေးရောင်မှာ အလုပ်သဘောအရ မချစ်သော်လည်း အောင့်ကာ နမ်းနေရ၏။

ထိုစဉ် သူ့ အနား ကပ်လာတဲ့ လွင်ဟန်။

လွင်ဟန်က သူဌေးသား ဖြစ်ပြီး စာလေး မတတ်တစ်ခေါက်သာ ရေးတတ်သော်လည်း သူ့ကိုယ်သူ စာပေဂုရုကြီးဟန် ဖမ်း‌နေသူ။

သူ ရေးသော စာတွေ က လူပြိန်းကြိုက် ဖြစ်ပြီး trendဖြစ်သည့် အကြောင်းအရာ တွေကိုပဲ လိုက် ရေးတတ်သည်။

သူတစ်ပါးကို ဝေဖန်ရတာ သဘော မကျသော်လည်း လွင်ဟန်က မူ စောင့်ကြွား စောင့်ကြွား လုပ်လွန်း၍ သွေးရောင် ဘယ်ချိန် ထ ထိုးမိလေမလဲ မသိ။

"ဟိုနားက ဘဲလေး တစ်ယောက် မင်းကို စိုက်ကြည့်နေတာ မြင်လား. . ဟော့ တာ တော့ တော်တော်လေး ဟော့တယ်နော်. . .လုံးဝ အမိုက်စားပဲ. . ."

"ဆောရီး ကိုလွင်ဟန် ကျွန်တော် စိတ်မဝင်စားဘူး. . ."

သွေးရောင်က အပြတ်ငြင်းကာ waiterလာ ချ ပေးသော ဝီစကီတစ်ခွက် ကို သာ အပျင်းပြေ သောက်နေလိုက်သည်။

"ဟေ့. . . လူတွေ. . . ကိုမာန်သွေးရောင်က အိမ်ကြောက်ရတယ်နဲ့ တူပါတယ်. . . အိမ်က လူ ‌ဩဇာကို မလွန်ဆန်နိုင်ဘူးထင်ပါ့ကွာ"

လွင်ဟန်က စနောက်သလို လို နှင့် လှောင်သံ စွက်ကာ အနည်းငယ် ခပ်ကျယ်ကျယ် ပြောလိုက်တော့ တစ်ဝိုင်းလုံးက ဝိုင်း ရယ်ကြသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now