8

3.3K 290 35
                                    

အပြင်မှာ မိုးတစိမ့်စိမ့်ရွာနေသောအခါ
ဆတ်နွယ် လက်ပတ်နာရီကို ကြည့်လိုက်သည်။

ညနေငါးနာရီ။

စက်ဘီးကို ခပ်ဖြည်းဖြည်း ဇိမ်ဆွဲ နင်းလာမိသည်။မိုးလေးက တစိမ့်စိမ့်။အိပ်ချင်စိတ်ပင် ပေါက်လာသည်။

အိမ်ရှေ့ သို့ အရောက်တွင် ဆတ်နွယ် ရှေ့ တည့်တည့် ထိုးရပ်လာသော မော်ဒယ်မြင့် ကားတစ်စီး။

ကားပေါ်က အရပ်မြင့်မြင့် ခန့်ညားချောမောသော လေးဆယ်ကျော် အမျိုးသားတစ်ယောက် ဆင်းလာသည်။သူ့ မျက်နှာက တင်းမာခက်ထန်သည့်ဟန် ရှိသည်။ဆံပင်များကို နောက်လှန်သိမ်း ထားပြီး အညိုရောင် ‌long coatကို ဝတ်ဆင်ထားသည်။

ရုတ်တရက် ဒီ လူက ဘာလဲဟ ဟု တွေးမိသွားသည်။သို့သော် သေချာ ကြည့်ကာမှ. . .ဪ ဖေဖေပဲ။ဆတ်နွယ် မမှတ်မိတာ မထူးဆန်းပါ။သားအဖ‌တွေ မတွေ့ရတာ တစ်နှစ်ပင် ပြည့်ရော့မည်။

နောင်ဘုန်းသိုက်က ဆတ်နွယ် နားလျှောက်လာကာ

"ဒီနေ့ စာမေးပွဲ အခြေအနေ ဘယ်လိုလဲ. . ."

မေးသာ‌မေးသော်လည်း နောင်ဘုန်းသိုက်က ဆတ်နွယ်ကို သိပ်စိတ်ဝင်စားဟန် မရှိ။တစ်ရေးနိုး လို့ သူ သတိရကာမှ ပြန်လာတွေ့တတ်သော အဖေအကြောင်းကို ဆတ်နွယ် သိနေခဲ့လေပြီ။

"ကောင်းပါတယ် မကျပါဘူး. . ."

နောင်ဘုန်းသိုက် က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ

"သေချာဖြေ"

ပြောပြီး အိမ်ထဲ ဝင်သွားသည်။

ပြီး ကားထဲတွင် သူ့ မိတ်ဆွေ တစ်ယောက်ပါ ပါလာသည်။

သူကမျက်လုံးမှေးမှေး နှာခေါင်းပြားပြား အသားဖြူဖြူ ဒေါင်ကောင်းကောင်း အမျိုးသားကြီး တစ်ဦးဖြစ်သည်။ဆံပင်တွေ က တစ်ခေါင်းလုံး ဖြူဖွေးနေ၏။

တရုတ်‌နှင့်ပင် ခပ်ဆင်ဆင်။

"ကိုဝဏ္ဏမောင် ဒါ ကျုပ်အိမ်ပဲ. . ."

"အရင်ကတော့ ခဏ ခဏ ရောက်ပေမယ့် ခင်ဗျားအမျိုးသမီး မမကလျာမွန် ဆုံးပြီးကတည်းက မရောက်ဖြစ်တော့တာပဲ. . ."

ဆတ်နွယ်က စက်ဘီးကို ခြံ ထောင့် တစ်နေရာတွင် ထားလိုက်သည်။ဆတ်နွယ်တို့ ခြံက အကျယ်ကြီး ဖြစ်သည်။သစ်ရိပ် ဝါးရိပ်ကောင်းသည်။သို့သော် ခြံမှာ မရှင်းလင်းတာ ကြာ၍ သစ်ပင် ချုံနွယ်တွေ ထူထပ်ကာ တောအုပ် အငယ်စားလေးလို ဖြစ်နေတော့သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now