7

3.2K 298 10
                                    

အိမ်ထောင်ဖက် ဆိုသည်မှာ လောကဓံ အိမ်အို လေးထဲ မှာ ကံကြမ္မာ ပိုက်ဆံကို အတူမျှဝေ သုံးစွဲ ကြခြင်း ဖြစ်၏။

ကောင်းလျှင်လည်း အတူ စံ
မကောင်းလျှင် အတူ ခံ

စင်းလုံးချောသည့် ကျောက်စိမ်းတုံးကတော့ ပုံပြင် စာအုပ်ထဲ မှာပဲ ရှိလိမ့်မည်။

++++

ခမ်းနော့ဝ်မှာ ငါးဘာသာ ဂုဏ်ထူး ထွက်တာ အဲ့သလောက် မအံ့ဩမိ။

သူ့ အမှတ်က ကိုးနောင် ခန့်မှန်းတဲ့အတိုင်း 512ကွက်တိ ကြီး ဖြစ်နေတာ အံ့ဩစရာ။

"ကိုးနောင် ဆယ်တန်းအောင်ပြီး ဗေဒင်ဆရာ လုပ်ပါလား. . .‌သေချာပေါက် အောင်မြင်ကြီးပွားမှာ အဟဲ. . . ငွေကို ထိုင်သိမ်းနေရုံပဲ. . ."

ကိုးနောင်က ခြောက်ဘာသာ ဂုဏ်ထူးပါသည်။
ကိုးနောင် အမှတ်ကလည်း 537မှတ် ကွက်တိ။
မန္တလေးတိုင်းဒေသကြီးတွင် ကိုးနောင် အမှတ်အများဆုံး၊ ပထမနေရာ ချိတ်သည်။

သို့သော် ကိုးနောင် မျက်နှာမှာ အထွေထူး ဝမ်းသာ ပျော်ရွှင်ဟန်မရှိ။

"မင်း ဘာလျှောက်မှာလဲ. . ."

"သေချာပေါက် ဆေးကျောင်းပေါ့. . . မင့် ကိုကို က ဆရာဝန်ကြီး လုပ်ပြီး မကျေနပ်တဲ့ ကောင်မှန်သမျှ ဖင်ထဲ ဆေး အတောင့်လိုက် ထိုးပစ်မယ်ကွ. . မင်းရော ဘာလျှောက်မှာလဲ. . ."

ကိုးနောင်က အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မျက်မှောင် သေးသေးလေး ကျုံ့သည်။မျက်ဆံစိမ်းစိမ်းလေးများက မျက်လုံးအိမ်ထဲ ဂနာမငြိမ်ဘဲ
ဟိုဘက်ထောင့် ပြေးလိုက် ဒီ‌ဘက်ထောင့် ပြေးလိုက်။

အတန်ကြာမှ ပြောချလိုက်သည်ကား "မသိဘူး" ဟူ၍။

"ကိုးနောင် မင်း အမှတ်နဲ့သာ ဆို ကြိုက်တဲ့ မေဂျာ ခေါင်း ‌ခေါက်ရွေးရုံပဲ . . .ငါနဲ့ အတူ ဆေးကျောင်း လိုက်တက်မလား . . . "

ကိုးနောင်က ပြုံးလျက် ခေါင်းယမ်းလိုက်သည်။

"ဟင့်အင်း. . .လူ ကယ်ချင်ပါဘူးဗျာ"

ကိုးနောင် ပြောဟန်က ချစ်စရာ ကောင်းလွန်း၍ ခမ်းနော့ဝ် အူယားသွားကာ ကိုးနောင့်ကို ဖျစ်ညှစ်ပစ်ချင်စိတ် ပေါက်သွားသည်။သို့သော် သူ့ ထက် လူကောင်ကြီးနေတော့ အားမတန် မာန်လျှော့လိုက်ရသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now