37

2.5K 257 39
                                    

‌ရေသန့်ဗူးပြာပြာလေးကို နေရောင်အောက် မြှောက်လိုက်သောအခါ ရေသန့်ဗူးလေးသည် ‌နေရောင်ဝါဝါဟပ်ခံရသော နီလာကျောက်လေးလို ပြာရီလဲ့သည်။

နေလင်းတန်းသည် အပြာရောင်ရေဗူးလေးကိုသာ မဟုတ်၊‌ရေဗူးကို ပင့်မြှောက်ကိုင်ထားသော လက်သွယ်သွယ်ပိုင်ရှင်၏ မျက်ဝန်းစိမ်းဝိုင်းဝိုင်းကြီးကိုပါ ခစား ဖြာကျသည်။

ကိုးနောင် က နေလုံးကြီး ကို စူးစိုက်စိုက် ကြည့်သည်။

ဒီနေသည် သူ့ကို သိပ် ပမာမခန့်လုပ်လွန်း၏။
သူ နေလုံးကို စိုက်ကြည့်လေ ဒင်းက ပိုပူလေ။
မကြိုက်။
အဲ့လို သူ့ကို ပမာမခန့် ကာပြန်တာကို မကြိုက်။

9နှစ် အရွယ် ကိုးနောင်က နှာခေါင်းရှုံ့သည်။

နေလုံးနဲ့ ရန်ဖြစ်နေတာကို ရပ်ကာ သူ့လက်ထဲက မနက်ဖြန်ဖြေဆိုရမည့် လေးတန်း မြန်မာစာကို အာရုံ စုစည်းပြီး အသေချာ ဖတ်သည်။

ကိုးနောင်သည် စာကို ဖတ်ရုံမျှနှင့် အလွတ်ရလေသည်။

သူ ဘေးဝယ် မာန်သွေးရောင်နဲ့ ဆတ်နွယ်က ဆော့နေကြသည်။

မာန်သွေးရောင်က ကတုံးကေနဲ့ ဖြစ်သော်လည်း ဆံပင်ဖြူဖြူတို့က သူ့ခေါင်းထက် ကွက်ကျား ကွက်ကျား ထိုးထိုးထောင်ထောင် ပေါက်နေကြသည်။စွက်ကျယ်လက်ပြတ် ကို ဘောင်းဘီတိုစိစိ နဲ့ တွဲဝတ်ထားပြီး တစ်ကိုယ်လုံးမှာ သဲတစ်လူးလူးနှင့် မသိရင် မျောက်တစ်ကောင်နှင့် တူသည်။

‌နှစ်ယောက်တည်း ဆော့‌နေတာ ဖြစ်သော်လည်း မျောက်ရှုံးသည်။

ကိုးနောင်က ထိုသို့ ပေပွပွ ဆော့ရသည်ကို မကြိုက်။ပထမအချက် သူ ဖုန်တွေ သဲတွေ ပေမှာ မကြိုက်၊အသန့်ကြိုက်သည်။ဒုတိယ သူ မှာ အင်္ကျီနည်းနည်းသာ ရှိသည်။သူ့ အင်္ကျီတွေကို မဖြုန်းချင်။

မာန်သွေးရောင်က ဂျစ်သည်။သူ မနိုင်လျှင် အာဗြဲကြီး နဲ့ အော်ငိုတတ်သည်။ထိုချိန်တိုင်း ဆတ်နွယ်က ကိုးနောင် ကို မျက်နှာငယ်လေးနဲ့ အားကိုးသလို လှမ်းလှမ်း ကြည့်တတ်သည်။

သူတို့ ဘုန်းကြီးကျောင်းအိုကြီးထံ လာဆော့နေကြခြင်း ဖြစ်သည်။ဒီကျောင်းသည် ရတနာပုံခေတ်ကတည်းက တည်ရှိသော ကျောင်းကြီး ဖြစ်ပြီး သက်တမ်းမှာ ရာချီနေလေပြီ။ဝန်းမှာ အကျယ်ကြီး ဖြစ်၍ ကလေး တွေ သိပ်သဘောကျသည်။ကိုးနောင်တို့ အိမ်နဲ့ ဒီ ကျောင်းသည် သိပ်မဝေးလှ။

'LOTUS KILLER' {Ongoing}Where stories live. Discover now