19

3K 249 17
                                    

Lotus killer fourth victims

ဂျပန်နိုင်ငံ တိုကျို မြို့မှာ ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုသည် (BLACK DRAGONS) နဂါးနက် ဂိုဏ်းတစ်ဂိုဏ်းလုံး အစုလိုက် အပြုံလိုက် သေဆုံးရသော ပဓာန အကြောင်းရင်း ဖြစ်သည်။

ဂျပန် ရဲတွေကတော့ ကြီးကြီးကျယ်ကျယ် genocide (လူမျိုးတုံး သတ်ဖြတ်မှု) ဟု Lotus killer ကို စွဲချက်တင်ထားသည်။

ခြေပြတ် လက်ပြတ် ခေါင်းပြတ် အလောင်းတွေ အလောင်းတွေ အလောင်းတွေ . . .ထိုနေ့မှာ ကြဲပြန့် ပျံ့နှံ့နေသည်။

ဒီလောက် ဂျပန်နိုင်ငံရဲ့ တတိယ အကြီးဆုံး၊ အရက်စက်ဆုံး၊ စည်းစနစ်ကျဆုံး ယာကူဇာ ဂိုဏ်းကြီးကို Lotus killer က ဘယ်လို ဘယ်ပုံ နဲ့ ရအောင် သတ်သွားပါသနည်း။

ဂျပန် ရဲ အချင်း ချင်း တွေ့ရင် နှုတ်ဆက်စကားမှာ ' မင်း Lotus killer နဲ့ ပတ်သက်ပြီး စဉ်းစားမိတာ ရှိလား'  ဟူ၍ ဖြစ်သည်။

CID ကတော့ အောက်ပါအတိုင်း တင်ပြထားသည်။

Lotus killer က ဒီလို ယာကူဇာဂိုဏ်းကြီးကို သွားပြီး ပုဆိန်နဲ့ တစ်ယောက်ချင်းစီ သွားသတ်လို့ မရနိုင်။ ပြီး ဗုံးနဲ့ သတ်ဖို့ ကြံ၍ ဗုံးကို ထောင်သည် ဆိုပါစို့၊ အလွယ်တကူ ထောင် လို့ ရသွားအောင် နဂါးနက်က နလပိန်းတုံး တွေ မဟုတ်။သေချာပေါက် ဗုံးထောင်ရင် ကြိုသိမှာပဲ ဖြစ်သည်။

နောက်ဆုံး ဖြစ်နိုင်ချေသည် Lotus killer က နဂါးနက် ဂိုဏ်း ထဲကို ဝင်လာပြီး ဂိုဏ်သား ယောင် ဆောင်တာပဲ ဖြစ်ပေလိမ့်မည်။နဂါးနက် ဂိုဏ်းကို သတ်ဖို့ တွက် အသေအချာ စေ့စေ့စပ်စပ် ပြင်‌ဆင်ထားပြီးခါမှ သတ်တာ ဖြစ်မည်။

ရာဇဝင်မှာ ထူးချွန်ပြောင်မြောက်လှပါတယ်ဆိုသော ဘုရင်မင်းမြတ်တွေ၊စစ်သူကြီးတွေ အများစုသည် လူယုံသတ်လို့ သေတာ ဖြစ်သည်။

ထို့ကြောင့် တစ်ဂိုဏ်းလုံးကို လွယ်လွယ်ကူကူ အစုလိုက် အပြုံလိုက် သတ်လို့ရခဲ့ခြင်းမှာ Lotus killer သည် နဂါးနက်ဂိုဏ်းရဲ့ အရေးပါသော လူယုံ အကြီးစားသာ ဖြစ်လိမ့်မည်။

ထိုမျှမက ဒီ caseမှာ ကြံရာပါ ရှိလိမ့်မည်ဟုလည်း သုံးသပ်သည်။

ဒီအမှု ကို Lotus killer တရားခံ မှန်း ရဲတွေ သိရခြင်းမှာ နဂါးနက်ဂိုဏ်းခေါင်းဆောင်
မာခိရှို ရဲ့အိပ်ခန်းထဲရှိ မီးလောင်ခံ သေတ္တာထဲက စာတစ်စောင် ကြောင့်သာ။

'LOTUS KILLER' {Ongoing}Where stories live. Discover now