33

2.3K 218 68
                                    

"ဟေး မင်း နာမည် ဘယ်လို ခေါ်လဲ"

ရယ်ရွှင်စွာ မေးသော မေးခွန်းသည် သူ့ ဘဝ ကပ်ဆိုး၏ အစ ဖြစ်သည်။

"ဉာဏ် . . .ကိုးနောင်"

အသံနုနုလေးက သွားကြားထဲ က ထွက်ရုံမျှသာ။

"မ . . . မ မှာ ဒီလို ချစ်စရာကောင်းတဲ့ သားရှိတာ ကျွန်တော် ကို မပြောဘူး"

ထိုသူ၏ မျက်လုံးသည် ဗန်ဒါစေ့လို ကျဉ်းမြောင်းပြီး စွန်ရဲ တစ်ကောင်လို စူးရှသည်။‌ပါးလျသော နှုတ်ခမ်းသည် အမြဲလိုလို ပြုံးတတ်သည်။ကလျာမွန်ကတော့ ထိုသူကို မောင် လို့ ခေါ်တတ်သည်။

ထိုအနှီ မောင် သည် အရပ် မြင့်မြင့် အသားဖြူသည်။ပြတ်သားသော လေယူလေသိမ်း ရှိ၏။

ထိုသူ ပြောသံ အဆုံး ချက်ချင်း ကလျာမွန်က မဲ့သည်။

"သူက ငါ့သား မဟုတ်ဘူး. . ငါ့လင် ပါသား. . .ငါ့ သားက ဟိုမှာ ထိုင်နေတဲ့ ကလေး"

ကိုးနောင် ရင်ထဲ မြက်ကနဲ။‌အင်းလေ. . .တကယ်လည်း ကလျာမွန်က  သူ့ အမေ မှ မဟုတ်တာ။

"မ သား မဟုတ်ဘူးပေါ့ . . . ကောင်းတယ်"

ထိုသူက ကိုးနောင်ကို ပြုံးပြပြန်သည်။
ပိရိသေသပ်သော နှုတ်ခမ်းများသည် ပြုံးသောအခါ အတော်လေး ကျက်သရေရှိသည်။

ဆတ်နွယ် နှင့် ကိုးနောင်တွက် ကလျာမွန်ဒီလို
ယောက်ျားတွေ တစ်ယောက်ပြီး တစ်ယောက် အိမ်ခေါ် လာကာ မဆန်းတော့ပေ။နောင်ဘုန်းသိုက်သည်လည်း သူ့ နောက်ကွယ်တွင် ကလျာမွန်အကြိမ်ကြိမ်ခါခါ ဖောက်ပြားခြင်းကို သိပါလျက် ပြဿနာ မတက် ပြီးရော ဆိုသော သဘောနှင့် တစ်ပြားမှပင် အရေးမလုပ်။

ထိုသူက ပြန်ခါနီးတိုင်း ကိုးနောင် ခေါင်းကို ပုတ်၍ ချိုချဉ် ကျွေးတတ်သည်။

"မင်း အသက် ဘယ်နှ နှစ်လဲ"

ကိုးနောင်က မျက်တောင်ကြီးများပင့်လျက် ထိုသူကို မော် ကြည့်လိုက်သည်။ကိုးနောင်က ကြမ်းတိုက်နေတာ ဖြစ်သည်။ထိုသူက မဲညစ်ညစ် အစွန်းများ ထင်နေတဲ့ ကြမ်းကို လက်သည်းနဲ့ ခြစ်ကာ သုတ်လိုက်သည်။

"8 . . .နှစ်"

"အိုး . . . အတော် ငယ်သေးတာပဲ"

ကိုးနောင်ပေါက်စ က ဒီတိုင်း ခေါင်းငုံ့ပြီး ကြမ်းသာတိုက်နေသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now