26

2.7K 246 36
                                    

[A/N သတိထားမိကြလား မသိ ကိုယ့်ficကလေ အခြားသူတွေလို ဇာတ်ကို တစ်ဖြောင့်တည်း သွားတာ မဟုတ်ဘူး ဆိုလိုတာက ဒါပြီး ဒါ ၊ ဒါပြီး ဒါ ဆိုပြီး အစဉ်လိုက် မဟုတ်ဘဲ
ကိုယ့်ကျ နောက်ကြောင်းကို ခဏခဏ ပြန်ပြောပြတဲ့ ပုံစံမျိုး။
ဖတ်ရတာ နားလည်လားတော့ မသိဘူး၊ နောက်က အဖြစ်ပျက်နဲ့ လက်ရှိ အဖြစ်ပျက်ကို ဒွန်တွဲပြီး ဖော်ပြထားလို့ ။

Update နောက်ကျသွားလို့ ဘီယားနဲယော်
စောင့်ပေးတဲ့သူ တစ်ယောက်ချင်းဆီကိုလည်း အာဘွားပါ

ကိုယ် နေကောင်းပါတယ်. . .အချစ်ရေ တကယ်ကလေ ကိုယ် ဒီအပိုင်းကို မကြိုက်လို့ ပြင်ရေးနေတာ 4ခေါက်ရှိပြီ တအားစောင့်ရကြာမှာ စိုးလို့ 5ခေါက်မြောက်မှာ ရပ်လိုက်တာရယ်🤕

ဒါနဲ့လေ မေးဦးမယ်
တစ်ခါတည်း အိမ်ထောင်ကျပြီး ညားတဲ့ ပုံစံဆိုတော့ ပျင်းစရာကောင်းနေမလား လှုပ်သွားအောင် လှုပ်ပေးရမလား ♪⁠┌⁠|⁠∵⁠|⁠┘⁠♪ ]

++++

ထပ်ခါခါ ဆိုခဲ့သည့်တိုင်း ဉာဏ်ကိုးနောင် သည် လူကောင်း တစ်ယောက် မဟုတ်ပေ။မွေးလာကတည်းက ဘုရားသခင်သည် အသည်းနှလုံးအစား ကျောက်တုံးကိုသာ ထည့်ပေးလိုက်ဟန် တူသည်။

သို့သော် ကိုးနောင်သည် ထို့တွက် ဝမ်းနည်းနေမှာတော့ မဟုတ်ပေ။

သူ့ ဘဝဝယ် လူကောင်း ဖြစ်ချင်ခဲ့သည့် အခိုက်တန့် နှစ်ကြိမ်သာ ရှိခဲ့ဖူးသည်။

ပထမ တစ်ကြိမ်မှာ သူ ခမ်းနော့ဝ် နဲ့ လက်ထပ်စဉ် ခါက ဖြစ်ပြီး သူသာ လူကောင်းတစ်ယောက်ဆို ဒီလူသားလေး လက်ကို တွဲရတာ ပိုပြီး သက်တောင့်သက်သာ ဖြစ်လိမ့်မည် ဟု တွေးထင်ခဲ့သည်။စိုင်းဆိုင်ခမ်းနော့ဝ် အပေါ် အားနာမိခဲ့သည်။

ဒုတိယအကြိမ်မှာ နန်းနွယ် မွေးစဉ်ခါက ဖြစ်ပြီး အနှီးဖြူဖြူလေးကြား တွန့်တွန့်လူးနေတဲ့ ကလေးငယ်လေးကို ကြည့်ပြီး သူလို လူကို အဖေ တော်ခဲ့ရတဲ့ ဒီကလေးတွက် စိတ်မကောင်းခဲ့ပေ။သူသာ လူကောင်း တစ်ယောက် ဖြစ်ရင်. . .။

သူသာ ဘုရင်ဆို သူ့ခင်ပွန်းလေးသည် ကြင်ယာတော် ဖြစ်လိမ့်မည်။သမီးလေးသည် ဘုရင့် သမီးတော် ဖြစ်လိမ့်မည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now