14

3.2K 262 49
                                    

အေဗလင် ဆွဲထားတဲ့ ပန်းချီကားကို Lotus killer's art ဆိုပြီး လေလံ တင်လိုက်တာ billion နဲ့ ချီပြီး ကို ရောင်းထွက်သွားခဲ့သော်လည်း ပြင်သစ်အစိုးရက လူသတ်သမားကို အားပေးအားမြှောက် ပြုသည် ဆိုသော ပုဒ်မနဲ့ ပန်းချီကားကို နိုင်ငံတော် ပိုင် အဖြစ် ပြန်သိမ်းကာ ပြတိုက်ကို လှူလိုက်သည်။

နိုင်ငံတကာက Lotus killer ကို ပထမဆုံး  အာရုံစိုက်လာကြတာ ဒီပန်းချီကားကြောင့် ဖြစ်သည်။

Lotus killer သတ်လောက်အောင်ထိ အေဗလင် ဘာများ သွားရှုပ်ခဲ့ပါသနည်း။ဘယ်သူမှ ရေရေရာရာ တပ်အပ် မပြောနိုင်။

++++

ခမ်းနော့ဝ် ‌နန်းနွယ်အခန်း ကို တစ်ချက်ရှိုးလိုက်သည်။

ကိုးနောင်က ကလေးတွေနဲ့ ကြက်ပျံ ဝက်ပျံ ဆော့ပေးနေသည်။

ကိုးနွယ်က စိတ်မပါသော်လည်း သူ့ အစ်မ ဆော့ခိုင်း၍ မတတ်သာကာ ဆော့ပေးနေရဟန်။

Ok. . .အားလုံး clear။

တတိယထပ်က ကိုးနောင်ရဲ့ အလုပ်ခန်းကို သွားလိုက်သည်။ကျွန်းတံခါးမကြီးကို ဖြည်းဖြည်းလေး ဖွင့်ကာ နံရံပေါ်က ခလုတ်နီနီလေးများကို လိုက်ရှာမိ၏။

သို့သော် ခလုတ်နီတွေ မရှိတော့ပေ။

ခမ်းနော့ဝ် ဇဝေဇဝါဖြစ်သွားသည်။

ခမ်းနော့ဝ်  လျှို့ဝှက်ခန်းထဲ ဝင်လာတာ ကိုးနောင် သိများ သွားလေသလား။

ခမ်းနော့ဝ် အခန်းထဲ မှာ ရှိတဲ့ စာအုပ်စင်ကြီးငါးစင် ကို မွှေရှာလိုက်သည်။

စင်ကြီး‌တွေ အားလုံးက အကန့် သုံးကန့် စီ ရှိသည်။ပထမ ဆုံး အကန့် အားလုံး တွေ မှာ ဗုဒ္ဓကျမ်းဂန်တွေ တန်းစီပြီး ထားထားသည်။မဟာ ဗုဒ္ဓဝင်ကျမ်းစ ဆုံး ၊လူသေ လူဖြစ် ကျမ်း၊ဝိပဿနာရှူနည်း ကျမ်း၊ပြီး ပိဋိကတ် သုံးပုံနှင့် ဆရာတော် ဘုရားကြီးတွေရဲ့ အတ္ထုပ္ပတ်တိ ကျမ်းဂန်တွေ။
ဘုန်းကြီးကျောင်းထက်တောင် စုံသေး၏။

ဒုတိယ အကန့်မှာကျ သမ္မာကျမ်း စာအုပ်တွေ။တတိယအကန့်မှာကျ ကိုရ်ရကျမ်း စာအုပ်‌တွေ။

တစ်ဆိတ် ကိုးနောင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်နေတာလား။

'LOTUS KILLER' {Ongoing}Where stories live. Discover now