0

1.2K 50 3
                                    

Unicode

မင်းကငါ့အတွက် အချစ်ဦးမဟုတ်ခဲ့ပါဘူး။

...

စိတ်ရှုပ်စရာကောင်းလွန်းသည့်နေ့ရက်တွေကိုကျော်လွှားဖို့ရာ
အလွန်ခက်ခဲသည်။
ခက်ခဲတာထက်ကိုပိုနေသည်။
လွယ်အိတ်ထဲကနေ MP3 ကလေးကိုထုတ်ပြီး နားကြပ်တပ်ကာ
ဘတ်စ်ကား၏ပြတင်းဘောင်ပေါ်လက်လေးတင်ရင်း စိတ်မပါစွာအိမ်ပြန်ခဲ့ရသည်။

အိမ်ထမင်း၏ပူနွေးနွေးအနံ့ကြောင့်ဖိစီးခဲ့သမျှဟာ အနည်းငယ်ရုတ်လျော့သွားသလို။ရက်စွဲတွေကိုမှင်နဲ့အမှားခြစ်ခြစ်ပလိုက်သည်။

August လ။

အားလုံးဟာမှင်သေသေပါဘဲ။
ဘာတစ်ခုမှမထူးခြားမပြောင်းလဲ။
ဟင့်အင်း....ပြောင်းလဲသွားခဲ့သည်။
ကြီးကြီးမားမားအစိုင်အခဲကိုချေဖျက်နိုင်လိုက်သည်။

2 နှစ်တာတာတမ်းတမ်းစွဲခဲ့ရသည့်အချစ်ဦးကိုမေ့ပျောက်နိုင်လိုက်ခြင်းဖြစ်သည်။
လူငယ်ပီပီအချစ်ကိုဦးစားပေးပြီး
စိတ်အားထက်သန်စွာကိုသူရူးမိုက်ခဲ့ဖူးတာပေါ့။
ကင်မ်ထယ်ယောင်းဆိုတဲ့သာမန်ကျောင်းသားကျွန်တော့်ကိုများစွာသောခံစားချက်တွေပေးစွမ်းခဲ့သည်။
အချစ်ကိုပါတုန်လှုပ်သွားအောင်လုပ်ခဲ့သည်။

အချစ်ဦးတွေသည်သိပ်ကြောက်စရာကောင်းသည်ဆိုတာနားလည်လိုက်ရသည်။

နေပါအုံး...အချစ်ဦးတွေကဘယ်တုန်းကများကျက်သရေရှိဖူးလို့လည်း။

မာနခဲတစ်ယောက်ဖြစ်ပါတဲ့ကျွန်တော်လိုကောင်အတွက် ဘယ်လောက်ဘဲချစ်ခဲ့နေပါစေ။ခံစားချက်အစစ်အမှန်တွေကို
လာသရော်ရင်တော့ ဘယ်တော့မှထပ်လှည့်ကြည့်နေမည်မဟုတ်။

လမ်းမကြီးပေါ်မှာ ကားတွေအရှိန်မထိန်းနိုင်မောင်းသံတွေကိုကြားနေရသည်။
ကားဘရိတ်ရပ်သံ။ ဘတ်စ်ကိုစောင့်နေရင်း ပျင်းတိပျင်းရက် အချိန်တွေကို
အမြန်ကုန်ဆုံးချင်မိသည်။

ဖိနပ်လေးတစ်စုံချရပ်လိုက်တဲ့အရိပ်က
မျက်စိထဲလာအာရုံဝင်သည်။
မော့ကြည့်လိုက်တော့ အတန်းသားကောင်လေးတစ်‌ေယာက်။
နေ့တိုင်းဟုလားတော့မဆိုပေမယ့်မကြာမကြာတော့သူလည်း
မျက် မှန်းတပ်မိတာပေါ့။

P I E C E SKde žijí příběhy. Začni objevovat