22

149 18 0
                                    

Unicode

သူကတော့ ဒီဇုန်မှာဘဲပျော်
ငါကတော့ အတ္တတွေကြားမရှက်္မကြောက်တိုးဝင့်လို့။
.....

ရယူမှူတွေလား ပေးဆပ်မှူတွေလား
တောင့်တမိတဲ့အရာတွေ အားကျမိတဲ့အရာတွေ
ဒါတွေဟာ သူနဲ့ကိုယ့်ရဲ့ မဆိုင်တော့တဲ့လမ်းတွေမှာ။

" စက္ကူပန်းတွေ ကြိုက်လိုက်တာ အီတလီကအိမ်ရှေ့ပြတင်းနားတွေမှာ စက္ကူတွေမှ အများကြီး
သွားချင်တာ "

" ငါတော့လေ သူလက်နဲ့‌ေခါက်ပေးတဲ့ ပေပါပန်းလေးတွေဘဲသဘောကျတယ် "

ထုတ်ပြလာတဲ့ လက်နဲ့သေချာလှလှပပ ခေါက်ထားတဲ့ပေပါပန်းတွေ။
လီဒိုဆော့တို့များ ဒီလိုကျလည်းဘယ်ဆိုးလို့လည်း။
ပန်းစည်းလေးထုပ်ပိုးထားပုံမှာလည်း
သတင်းစာအဖြူအမည်းစာတန်းသေးသေးတွေနဲ့။
ချည်ထားတဲ့ကြိုးလေးဟာလည်း စိတ်ကူးယဉ်ဆန်ဆန်။

" လာကြွားနေတယ် သောက်ရူး "

ဂျယ်ဂယောင်းနဲ့အပြိုင်စကားများနေတုန်း
ဖြတ်ခနဲပစ်ပေါက်ခံလိုက်ရတဲ့ အသံကြားလိုက်ရသည်။
နှစ်ယောက်သားအပြောတွေကရပ်တန့်သွားပြီး
အကြည့်တွေကတော့ဂိုဗြောဆီမှာ။

" ဘာကြီးလဲ "

" ယူဂျယ်ပေးတာလား "

"အင်း"

စာရွက်ထဲမှာ ထည့်သွင်းရေးထားတဲ့ love letter လေးတွေ။နောက်ပြီး ကွတ်ကီးမုန့်ထုပ်အသေးလေး။
နူးညံ့ဖွယ်ကောင်းလိုက်လေခြင်း။
စာရွက်ထဲမှာမြင်နေရတဲ့ယူဂျယ်၏ချစ်ခြင်းတရားတွေ။

" ဝါးးးးစာသားတွေများလန်းတယ် "

ဂိုဗြောကတော့ ဘာမှပြန်မပြောဘဲခပ်ပြုံးပြုံးသာတုံ့ပြန်သည်။
ရုပ်မြင်တာနဲ့ အပျော်တွေဘယ်လောက်ပွားနေမလည်းဆိုတာသိသာချက်။

သူ Milk tea တိုက်တုန်းကအချိန်တွေကိုတောင်
သတိရသွားသည် ။
အဲသည်တုန်းက သူရောကိုယ်ရော တကယ်ပျော်ရွှင်ခဲ့ကြတာ။

မုန့်စားဆင်း မုန့်ဝယ်ကြရင်း အအေးသောက်နေတဲ့
သူမကိုမြင်လိုက်ရသည်။
ဖြူအုနုဖတ်နေတဲ့အသားအရေတွေကအိစက်နေမိမှာ။
ရှည်လျားယိမ်းနွဲ့နေတဲ့ လေထဲကပျော့ပြောင်းပြောင်းဆံနွယ်အိတွေ‌ဆို သူဘယ်လောက်နမ်းရှိုက်လိုက်ချင်လိမ့်မလည်း။
သူမရှေ့ရောက်တိုင်း တစ်စပြီးတစ်စကြီးကြီးလာတဲ့
အားငယ်စိတ်တွေမကုန်နိုင်မခမ်းနိုင်။

P I E C E SWhere stories live. Discover now