26

154 21 0
                                    

Unicode

မင်းနဲ့ပတ်သက်ရင်အဖြစ်အပျက်တိုင်းက
ငါ့အတွက်အကုန်ကမောက်ကမ။

........

အမြဲတမ်းသူ့ချည်းကြည့်နေမိတဲ့မျက်ဝန်းတွေသည်
မပြီးနိုင်မစီးနိုင်လွန်းလှအောင်
သွက်သွက်ခါနေအောင်ရူးပါသည်။

ခိုးကြည့်မိပါတိုင်းအမြင်မဆုံဖူးခဲ့သလို
ဆုံဖို့ရာအစပျိုးတိုင်းလည်းအရင်ရှောင်တိမ်းမိသူဟာ
ကျွန်တော်သာဖြစ်သည်။

အရင်ချိန်တွေကဆို မြစ်ဆိပ်မှာစကားပြောနေကြမို့
အမြဲဆုံဖြစ်သော်လည်း
မပြောဖြစ်တာကြာလေ စိမ်းသက်သွားလေ ဆိုသည့်အတိုင်း မျက်ဝန်းချင်းစကားပြောရမှာကော
နှစ်ယောက်ယှဉ်တွဲရပ်နေလိုက်ရရင်ကော
အကုန်ကိုကြောက်ရွံ့သွားခဲ့တာဖြစ်သည်။

Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေခဲ့သောညနေခင်း
ဘေးနားမှာတော့ကော်ဖီပူကနေရာယူထားဆဲလိုပါပင်။
ပြတင်းရဲ့လေပြေညင်းလေးကအလွမ်းကိုဖိတ‌်ခေါ်ဖို့ရာ ကျွန်တော့်အနားရောက်လို့လာ၏။

Dreamcore playlist ကိုအကြိမ်ကြိမ်နားထောင်ရင်း
Enter တစ်ချက်နှိပ်လိုက်္မိသည်။
Instagram ရဲ့ သူ့အကောင့် လေးကိုကြည့်ကာ
ရင်ခုန်စိတ်တွေထောင်သောင်းချီတိုးပွားလာခဲ့ရ၏။
အဘယ်သို့ဆို

" ထယ်ယောင်း ငါ့အကောင့်တစ်ခုခုပြောင်းလဲဖို့လိုအပ်နေတယ်မလား "

" ဘာပုံမှမတင်ထားတာကိုမင်းကဘာတွေပြောင်းချင်သေးတာလည်း "

" မဟုတ်ဘူးလေ profile အကုန်ပေါ့ "

" အဲ့တာဆိုချိန်းလေ "

ပုံနှစ်ပုံပို့လာသည်။ သေချာကြည့်ရင်း
သဘောကျမိတဲ့ပုံကိုသိမ်းပြီး ပြန်ပို့လိုက်သည်။

" ငါဆိုအဲ့တာရွေးမှာ "

" အွန်း အဲ့တာဘဲထားလိုက်ပြီ "

Typing ရိုက်နေတဲ့လက်တွေကထိုစာမြင်မြင်ချင်း
ငြိမ်သက်သွားရပါသည်။
ကျွန်တော်ကြိုက်တဲ့ပုံကိုသူရွေးလိုက်တာလား။
နောက်ထပ် Highlights ထားသည်။
ကျွန်တော်ရွေးပေးလိုက်တဲ့ပုံဘဲသာဖြစ်သည်။
အနက်ရောင်အသဲပုံဖြင့်။
ထပ်ပြီး bio လည်း၎င်းနည်းတူ။

P I E C E SWhere stories live. Discover now