10

196 20 2
                                    

Unicode

ဖျော့တော့တော့နေရောင်အောက်က
ငါတို့စကားလုံးတွေကိုရှာဖွေနေမိတယ်။

........

" စာမေးပွဲတွင်းမို့ အားရှိအောင်စတော်ဘီရီနို့တိုက်လိုက်တယ် "

" အများကြီးကောင်းတယ် အေးအေးလေး "

" မနက်ဖြန်စာမေးပွဲ အဆင်သင့်ဖြစ်ပြီလား မင်း "

" ဖြစ်ပီထင်တယ် အကုန်တော့ရနေပြီထင်တာဘဲ "

" ပြန်တော့မယ် စာတွေသေချာပြန်ကြည့်ရအုံးမှာ"

" ဟုတ်ပြီတာ့တာ "

" ဖြေနိုင်ပါစေ "

" အင်းဖြေနိုင်ပါစေ ထယ်ယောင်း"

ခဏတာစကားပြောခြင်းလေးကလည်း
နွေးထွေးမှူတွေရရပါတယ်။
ငါတို့တွေအကောင်းဆုံးဖြတ်ကျော်ကြတာပေါ့။
သူ့ပုံရိပ်တွေပြန်မြင်ယောင်ရင်း အပြုံးဝေမိနေတာအချိန်မသတ်နိုင်တော့။
စားပွဲခုံပေါ်တွင်လည်းပွကျဲခတ်နေသောစာအုပ်အပုံ
စာရွက်အပုံများ။

နှစ်ဝက်စာမေးပွဲအတွက် plan စာအုပ်တွင်
Highlights တားထားသော မှင်ရောင်စုံများက
လက်္မှာ ပေပွနေ၏။

ညမီးအိမ်ရဲ့အလင်းဖျော့ဖျော့ကြားမှာ
ထောင်‌ေသာင်းချီနေတဲ့စာတွေက ငါ့အတွေးထဲက
မင်းကိုထုတ်ပယ်ထားခဲ့တယ်။
ငါမကျေနပ်လိုက်တာဂျောင်ရာ။

" ဟာ ဒိုဆော့ "

ညအဆာပြေမုန့်ထွက်ဝယ်ရင်းဖြင့် ညအိပ်ဝမ်းဆက်နှင့်လည်းမဟုတ် ကြည့်ကောင်းလျက်သားသားနားနားစတိုင်ကျစွာ
ကျော့မော့ဝတ်ထားသည့်ဒိုဆော့။
စီးလာတော့ ကားမဟုတ်။
စက်ဘီး။
သူ့ mood နဲ့သူပါဘဲ။

" အေးထယ်ယောင်း ငါပြောစရာရှိလို့ "

" ဂျယ်ဂယောင်း ဘာကြိုက်တတ်လည်း "

" ဟင် ဟျောင့် နေပါအုံး မင်းကနွားလုပ်နေတာလား"

ထယ်ယောင်းတည့်တိုးပြောခြင်းကိုနားလည်ပုံရသည့်ဟန်
ဒိုဆော့ အပြတ်ပြတ်အခါခါငြင်းပယ်သည်။
ဒီကောင်ကဘာကိုဘာလုပ်ချင်ပြီးဘာကိုဘာဖြစ်ချင်နေသလည်း။ ဂျယ်ဂယောင်းတို့ဇာတ်ကလည်း
သိပ်ကိုခက်လေလေ။
ကျွန်တော်နှင့်ဂျောင်ရဲ့ဇာတ်လောက်္မဆိုးသွမ်းပေမယ်လို့ပေါ့။

P I E C E SWhere stories live. Discover now