15

145 18 0
                                    

ပြန်လမ်းမရှိတဲ့သဲမှုန့်စတွေ
ငါထပ်မခေါ်ချင်တော့ပါ။

......

အရာအားလုံးဘာမှမဖြစ်ခဲ့ကြသလိုဟန်ဆောင်ကာနေ‌ဖြစ်ခဲ့ကြသည်။
ဘာအမည်မှမတပ်ထားတဲ့ဆက်ဆံရေးအောက်္မှာ သူဖြစ်နေခဲ့လို့သက်သာရာရရပါသည်။
သိပ်မတွေ့ဖြစ်ကြတော့တဲ့ အချိန်တွေကိုတိုက်စားသွားစေခြင်းမိတော့သည်။
ဒါပေမယ့် လွန်သွားခဲ့ပါပြီ။

‌" အဖေသွားမယ် "

" အေးလာပြီ "

ကျောင်းချိန်သည်ကျော်လွန်နေခဲ့ပြီ။
ဒီနေ့အိပ်ယာထနောက်ကျခဲ့ပါသည်။
ညလုံးပေါက်စာလုပ်နေတာကြောင့်မဟုတ် ညလုံးပေါက် သူနဲ့အချိန်ဖြုန်းနေမိတာကြောင့်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်ပျော်တယ်။
သူနဲ့ပတ်သက်ရင် ဘာပဲဖြစ်လိုက်ရ ဖြစ်လိုက်ရ ကျွန်တော်ပျော်တယ်။

အဖေ ကားနောက်ခန်းကနေ MP3 နားထောင်ရင်း သံစဉ်တွေတငြိမ့်ငြိမ့်စီးဝင်
မျက်လုံးလေးမှေးထားကာ မနေ့ညကစကားပြောခန်းလေးတွေကို ထပ်ပြီးတွေးလိုက်ပါရဲ့လေ။

ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်းအပိုင်းအစလေးတွေပါ။
အတွေးနဲ့ဘဲပြန်ဆက်ပါရစေအုံး။

ကျောင်းနောက်ကျမှာဟုစိုးရိမ်စိတ်ကလေး
ထယ်ယောင်းထံတွင် တစ်ပြားတစ်ချပ်မှရှိမနေခဲ့။
အရင်ကဆို ခပ်လောလောနဲ့အဖေ့အားအမြန်မောင်းခိုင်းမိမှာမှန်ပေမယ့်
အခုလက်ရှိနှင့် ကွာဟသွားတာကြောင့်
နောက်ကျတာတောင်ပျော်စရာတစ်ခုလိုဖြစ်နေခဲ့ပါ၏။

အကြောင်းအရင်းမူကား

ကားလေးသည်ကျောင်းရှေ့ထိုးရပ်လိုက်သည်။
ထယ်ယောင်း ကျောင်း၏အရှေ့ဘက်အပေါက်ဝနား မျက်လုံးကစားမိပါ၏။
ဂိတ်ဝနားမှာ ကျွန်တော်တို့ကားလေးကလွဲမရှိနေ။
ကျောပိုးအိတ်လွယ်ပြီး ကားတံခါးအပိတ်
မကြာလိုက် ကားတစ်စင်းထိုးရပ်လာသည်။

တစ်ချက်ငေးမောလိုက်ပါတော့
ဆုံမိသွားတဲ့မျက်ဝန်းချင်းတွေ
မျက်တောင်တစ်ခတ်စာလောက်လေးလား
တစ်စက္ကန့်စာမျှလောက်လေးလား
ထယ်ယောင်း မေ့မောသွားသည်။
ဘယ်လိုတောင်မြန်လိုက်တဲ့အခြေအနေကြီးပါလိမ့်။
မိမိအတွေးနဲ့ယောက်ယတ်ခတ်နေစဉ်၌ဘဲ
ကျောင်းဝန်းထဲပြေးဝင်သွားသော ပုံရိပ်လေး။

P I E C E SWhere stories live. Discover now