30 Pièces ( The End)

469 30 0
                                    

Unicode

တနင့်တပိုး ရူးရူးမူးမူး
လေဆော်သွေးတဲ့နွေဦးလေးအတိုင်း
ဒီလူသားကအမြဲမထုံတတေး ။

.......

ဝန်ခံလိုက်ခြင်းတွေထဲမှာ မသိလေကောင်းလေဆိုတဲ့
စကားလေးလည်းကိန်းအောင်းနေခဲ့တယ်။
ပုံဖော်ရခက်ဆဲ အချစ်တစ်ခုက လူသားနှစ်ယောက်ကြားမှာသိပ်ကိုပုံဖော်ရခက်ဆဲ။

" အိပ်သွားတာလား "

" အန်ဂရီးဘတ်လေး ကအိပ်သွားတာပေါ့ "

ဂျောင်ဂု ရှယ်ယာကိစ္စနဲ့ပတ်သက်‌တာတွေအကုန် စာရင်းများကိုFile ထဲပြန်ပို့ပြီး
ကော်ဖီခဏသွားဖျော်အုံးမယ် လို့ပြောသွားတဲ့
ထယ်ယောင်းသည်ပြန်ပေါ်မလာတော့ဘဲ
အိပ်ခန်းထဲ အိပ်မောကျနေသည်။

" ဟင် အင်.....ဟင် ဂျောင်-

" အိပ်သွားတာလား ဒီကလေးက"

" ဘာကလေးလည်း ငါကလေးမဟုတ်ပါဘူး "

" စိတ်တိုလွယ်တယ် အတွေးလွန်တယ် ဆူပုပ်တတ်တယ် သူ့အမှားကိုအမှန်ဖြစ်အောင်ချွဲတတ်တယ်
လိုချင်တာရသွားရင် ပျော်တယ် အဲ့တာကလေးဘဲပေါ့"

" မင်းကလည်း... ဒါနဲ့လေ ငါအိမ်မက္ တွေကြာကြီး
မက္နေတာ "

" ဘာအိမ်မက္ တွေလည်း ကိုယ့်ပြော "

" အိမ်္မက္ထက် မင်းငါ့ဆီစက္ကူပန်းတွေနဲ့ပြန်လာတုန်းကအဖြစ်တွေ အဲ့ကနေ ခရီးထွက်ကြပြီး
ချစ်တယ် လို့ဝန်ခံခဲ့ကြတာတွေ တစ်မျိုးဘဲ "

" ဘယ်ဟာက တစ်မျိုးဖြစ်စေလို့လည်း "

" အချိန်တွေအရမ်းမြန်နေလို့ မင်းနဲ့အတူတူရှိတာ
ခု 27 နှစ်ဆိုတော့ စတွေ့တာက 16 နှစ် ...11 နှစ်ရှိပြီ"

" နောက်ထပ်လည်းနှစ်တွေများကြီးအတူမရှိချင်တော့ဘူးလား "

" ရှိချင်တာပေါ့ ဘယ်လောက်တောင်မှလည်း မဆုံးအောင်တွက်လို့ရတဲ့နံပါတ်တွေလိုမျိုး "

လက်ချောင်းတွေနဲ့ရေတွက်္မရတဲ့ဟန်ပန်လုပ်ပြတော့
ဂျောင်ဂုမှာ အူယားသထက်အူယားပြီး ဖောင်းစိန်ပါးလေးကို လက်‌နဲ့ဖွဖွလေးညှစ်ပြီးဆက်ပြောသည်။

" ခုအိပ်လိုက်တော့ညဘယ်အိပ်ပျော်တော့မလဲ "

" အားယိုးး ပါးကြီးညှစ်နဲ့လေ "

You've reached the end of published parts.

⏰ Last updated: Jul 03, 2023 ⏰

Add this story to your Library to get notified about new parts!

P I E C E SWhere stories live. Discover now