2

366 33 0
                                    

Unicode

တဖြည်းဖြည်းနဲ့ရင်းနှီးမှူတွေအစချီရာသည်
နှစ်ဝက်စာမေးပွဲကာလပိုင်းလောက်တွင်ဖြစ်သည်။

ဂျောင် နဲ့စခင်ခါစ ပထမရက်တွင်
ဘတ်စ်ပေါ်၌ဆုံပြီး စပ်မိစပ်ရာစကားတွေပြောကြ
သည့်အချိန်သည် 3 နာရီလောက်ကြာမြင့်သွားခဲ့သည်လေ။

ကျွန်တော်ဆိုသည့်ကောင်က ဂျောင်နဲ့စကားပြောရရင်ကိုပျော်ရွှင်ပြီးစိတ်ပေါ့ပါးလာတော့တာ။

ကျွန်တော်နှင့်ဂျောင်သည် အတန်းတစ်တန်းတွင်ရှိကြသော်ငြားလည်းဘဲ
ကျောင်းဝန်းအတွင်းတော့မသိသလိုသာနေကြသည်။
ဂျောင်လည်းသူ့သူငယ်ချင်းများနှင့်သူ။
ကျွန်တော်လည်းကျွန်တော့်သူငယ်ချင်းများနှင့်ကျွန်တော်။

ပထမနှစ်ဝက်စာမေးပွဲရက်တွေကို ဆရာမသည်
Whiteboard ပေါ်တွင် ကျွန်တော်တို့ကျောင်းသား
ကျောင်းသူတွေမမေ့ကြအောင်
ရေးနေသည်။
ကော်ဖီအေးခွက်ကိုကိုင်ရင်း စိတ်ပျက်စွာ
စာရေးခုံဆီသွားလိုက်သည်။

နောက်ဝင်မည့်အချိန်သည် စာမေးမည်။
သင်ခန်းစာစာအုပ်ကိုအလျင်ဖွင့်ပြီး ကျက်ပြီးသား
စာတွေကိုအသေအလဲကျွန်တော်တို့တတွေ
ထိုင်ကျက်နေကြသည်။

" ဂျယ်ဂယောင်း ငါသေပြီလားမသိဘူး "

ဂျယ်ဂယောင်းသည် စာတော်သည့်ထဲတွင်
နံပါတ် ၁ဖြစ်သည်။ စာနှင့်ပတ်သက်လျှင် ဘာမှားယွင်းမခံသောသူဖြစ်၏။
အတန်းရဲ့ ပထမနေရာ စာဂျပိုးတစ်ယောက်လည်းဖြစ်သည်။
စာဂျပိုးတစ်ယောက်အား အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်တော်ထားရသည့်ကျွန်တော့်အဖို့
မိုတီရထားသလိုပင်။

" ဘာကို သေရမှာလည်း ကျက်စမ်းပါထယ်ယောင်းရာ  ပြီးရင်မင်းဘဲရတာ "

" ဘာကိုရရမှာလည်း ရူးချင်လွန်းလို့သေတော့မယ် စာမေးပွဲကလည်းနီးလာပြီ "

စိတ်ပျက်လက်ပျက် လက်ကျန်ကော်ဖီအေးအေးကို
တငုံသောက်လိုက်ရင်း ခေါင်းမှောက်ချမိသည်။
ဟိုးဘက်တစ်နေရာဆီအကြည့်ကိုလွှဲလိုက်တော့
နေရာလွတ်သာတွေ့လိုက်ရသည် ။
စာမကျက်ဘဲ tennis ကွင်းမှာ အချိန်ကုန်နေတဲ့ဂျောင်ပါလေ။

P I E C E SWhere stories live. Discover now