4

267 24 0
                                    

Unicode

နေ့စဉ် စကားမပြောကြရင်မနေနိုင်ကြတော့တဲ့အထိ
ဖြစ်ပျက်လာတဲ့အတောအတွင်း။
တံတားငယ်ဆီမဟုတ်တော့ဘဲနေရာပြောင်းသွားခဲ့ကြလေသည်။

နှစ်ဝက်စာမေးပွဲရက်တွေစိပ်စိပ်‌လာလေ။
နှစ်ယောက်သားနှလုံးသားဆက်နွယ်မှုတွေဟာ
တိုးကပ်လာလေ။

အရိပ်အခိုလုံစွာကောင်းကောင်းရပါသည့်နေရာလေးတစ်နေရာ။
စိမ်းပုပ်ပုပ်သစ်ရွက်ခြောက်တွေကြွေကျလုနီးဖြစ်လျက်နေသည့် သစ်ပင်အိုကြီး၏အောက်ဝယ်
စာအတူကျက်ဖြစ်ခဲ့ကြပါသည်။

မြေနုသားပေါ်တ‌ွင် ဟိုဟိုဒီဒီပြန့်ကျဲနေတဲ့ အိုဝါရွက်ကြွေတွေက တလွင့်လွင့်ရွေ့လျက်ပြုနေကြသည်။
အရှေ့ကန်ရေပြင်၏အေးချမ်းစိမ့်အေးမှူက
သူတို့ကြားက နွေးထွေးမှူလေထုကို ဖြတ်မဝင်နိုင်တော့။

" ရက်ကနီးလာပြီ လေလွင့်လို့မရတော့ဘူးငါတို့ "

ဂျောင်ဂုကထယ်ယောင်းအပြောကိုကြားသည်။
မကြားချင်ယောင်ဆောင်တဲ့ဟန်ပန်ကိုသာဖော်ပြနေပြီး မသိမသလို လေသာချွန်နေသည်။

" ရားး ဂျွန် ဂျောင် ဂု ငါပြောတာအရေးမစိုက်တဲ့သဘောလား "

" ဟုတ်တယ်စာမေးပွဲနီးလာပြီ "

" ငါနဲ့စာမလုပ်ချင်တော့ရင်လည်းပွင့်ပွင့်လင်းလင်းပြော "

"နိုး နိုး မဟုတ်ဘူးလေ "

ထိုသို့အခါကျမှ ဂျောင်ဂုကအသည်းသန်ပိတ်ငြင်းတော့သည်။ သိတာပေါ့ ဂျောင်ဂုဘက်ကအဖြေကို။ ထယ်ယောင်းတမင်
ပြောလိုက်ခြင်းသပ်သပ်သာ။

"  မနှစ်ကဟိုကောင်တွေက ရန်ပွဲဖြစ်ချင်နေတဲ့သဘောလာဆွနေလို့ တွေးနေတာ "

" လာပြန်ပြီရန်ပွဲ  မလုပ်ပါနဲ့ ဂျောင်ဂုရာ "

" သူတို့ကလာဆွနေကြတာငါ့ကို "

" ဘယ်လိုနေနေ မပါရဘူး ငါရန်ပွဲတွေကိုကြောက်တယ်

" ဟင် ကြောက်တာလား "

" အင်း ငယ်ငယ်ကရန်ပွဲရှေ့တင်ဖြစ်ဖူးတယ် ငါအသေအော်ငိုခဲ့တာ "

" မကြောက်ပါနဲ့ မပါတော့ဘူးရန်ပွဲ "

" ဒါတွေထားပါ စာစလုပ်ကြမယ် "

P I E C E SWhere stories live. Discover now