28

193 14 0
                                    

Unicode

မိုးတစင်စင်ကျတဲ့ ရေကွက်အိုင်လေးပေါ်
လခြမ်း‌အရိပ်လေးကို
သဘောတကျကြည့်နေ‌မိပေမယ့်
မင်းအကြည့်လောက်တော့ ကြာကြာမငေးမောနိုင်ခဲ့။
........

ငါ့အနားကိုပြန်ရောက်လာတဲ့မင်း
ဝေးသွားပြီလို့စိတ်ထဲက မတေးမှတ်နိုင်မိပါ။
ဘယ်တော့မဆို ငါ့အပါးကနေ မထွက်ခွာနိုင်တဲ့မင်းပါလေ။

စက္ကူပန်းဓာတ်ပုံလေးတွေကို ကြည့်ရင်း
မျက်ရည်တွေအိုင်လာခဲ့ရင်
မင်းရယ်တော့မရယ်လောက်ဘူးမဟုတ်လား။

ဒီစကားအကြောင်းပြန်တွေးရင်
လေပြေလေးကငါ့ကိုလှူံ့ဆော်သွားမှာဘဲ
အတိတ်ကိုဘဲခဏခဏပြန်ကူးခတ်နေလို့။

ညနေခင်းအလှကသူရှိရင်ပိုအသက်ဝင်လာခဲ့တယ်။
စိတ်ဆတ်လွန်းတဲ့ကျွန်တော်နဲ့
သည်းခံပေးနိုင်တဲ့သူ့စိတ် ဆုံမှတ်တွေတွေ့ကြတဲ့
ညနေခင်း။

မပိုင်ဆိုင်ခင်တောင် အတ္တပိုးမွှားတွေလာလာကိုက်နေတာ။
ပိုင်ဆိုင်လာရရင် အတ္တပိုးမွှားလေးတွေပိုကြီးလာမှာပေါ့။

" ငါ့ကိုဂွင်လာဆင်နေတာ ဘယ်ကဟာမလည်းမသိပါဘူး "

" ဟမ် "

" ချစ်သူရှိလားတဲ့ "

" လာမေးတာလား ဘယ်သူလည်း "

" ရှိတယ်လို့ဖြေပစ်လိုက်တယ် "

" အားနာစရာကြီးမင်းကလည်း "

" အားနာလို့ရှိရင် မရှိဘူးလို့‌ေပြာလိုက်ရမှာလား"

" အယ် မပြောနဲ့လေ "

လွှတ်ခနဲထွက်လိုက်္မိသောစကားတစ်ခွန်းက
သူ့အပြုံးတစ်စိတ်တစ်ပိုင်းလေးကိုရေးဆွဲစေသည်။
မထိန်းနိုင်အောင်ကိုရူးနေပါလား။
ဒါပေမယ့်လည်း သေချာသွားခဲ့‌ေလ၏။
အသဲပုံ ပုံဖမ်းကားချပ်လေးက ကျွန်တော်တို့ကြားရှိနေသည်ဆိုတာ။

" ဂိမ်း  မနေ့ကလိုထပ်ဆော့ကြရအောင် "

" အဲ့တာဆိုမေး "

ကျွန်တော်တို့နှစ်ယောက်ကြားမှာသာရှိတဲ့ ဂိမ်းလေး။
ဟိုဟိုဒီဒီ‌လျှောက်္မေးပြီးလျှောက်ဖြေသည်။
ရှူံးရင်ရှူံးသည်။ မရှုံးရင်အောင်နိုင်သူအပြုံးနှင့်
ဆက်လက်ကစားကြသည်။
သူကတော့ အလွယ်တကူအရှူံးမပေး။
လူသိတဲ့မေးခွန်းမမေးတဲ့သူ့ကြောင့်
ကျွန်တော်ကတော့ လွယ်လွယ်အရှူံးပေးတာများပါသည် ။

P I E C E STempat cerita menjadi hidup. Temukan sekarang