14

155 21 0
                                    

Unicode

ဒီလိုဘဲ...အဲ့အတွက်အဖြေမရှိခဲ့ဘူး
.....

အောက်တိုဘာလစာမေးပွဲအမှတ်ရလဒ်တွေသည်
ကျွန်တော်တို့နှစ်ယောက်တွေ့ဖို့အရေးဝေးသွားစေခဲ့သည့် အကြောင်းကိစ္စတစ်ခုဖြစ်လာခဲ့လိမ့်မယ်လို့မထင်ခဲ့မိပါ။

ကျွန်တော့်အမှတ်ရလဒ်တွေကကောင်းခဲ့ပေမယ့်
ဖြေပြီးအမှတ်တွေတိုက်ကတည်းက အမှားများလွန်းတဲ့ဂျောင့်ရဲ့အမှတ်တွေကတော့ သိသိသာသာ
လျော့ကျသွားခဲ့လေသည်။

ဆရာမကအမှတ်စာရင်းတွေပြန်တိုက်တော့
ကိုယ့်ရမှတ်အစား ဂျောင့်၏အမှတ်တွေကို အသေအချာနားစွင့်နေခဲ့မိပါသည်။
ကျပြီလို့ကိုထင်မှတ်ထားသော ဘာသာရပ်မှာ
အမှတ်အနည်းငယ်ကောင်းနေလို့သက်သာပါရသေးသည်။

" ဒိုဆော့ သူညစ်နေတယ်မလား "

" နိုးပါ ဘာပြောတယ်မှတ်လည်း အေးဆေးပေါ့တဲ့ "

ဒါလိမ်သည်။အလိမ်အညာစကား။
ဂျောင်သည်မလိမ်တတ်ဘဲလိမ်ပြောတတ်တဲ့လူဆိုးလေး။
သူ့အဆင်မပြေခြင်းတွေကိုအဝေးကနေခံစားလို့ရနေသည့်ကျွန်တော်အတွက် ဒါပြက်ရယ်ပြုခြင်းစကားသက်သက်ပါ။

ညဖုန်းဆက်စကားပြောကြမိတော့
ဒိုဆော့ကိုပြောတဲ့ အေးဆေးပေါ့ ဆိုတဲ့စကားက
ဖွင့်ဟတဲ့ထဲမပါခဲ့ပါ။ အမှန်တိုင်းတွေသာညီးညူပြုသည်။

" အိမ်ကိုကြောက်တယ် ဘယ်လိုလုပ်ရမလဲ ဒီလိုဆို...အင်း အဆင်ပြေမှာမဟုတ်တော့ဘူး "

" အမှန်တိုင်းပြောပြလိုက်ပါ သူတို့မင်းကိုမဆူလောက်ပါဘူး "

" ဆူမှာထက်အဲ့တာကိုပိုစိတ်ပူတာ"

" ဘယ်ဟာ "

" ဒီလိုအပြင်ထွက်္မရတော့မှာကို "

စက်ဘီးလေးတစ်စီးသည်သွားရာမဲ့နေသည်။
ခြောက်ကပ်ကပ်လမ်းမပေါ်မှာ ဖြည်းညင်းစွာနင်းခဲ့ရပါသည်။သိပ်ဟုတ်ခဲ့ပါသည်။
ကျွန်တော်တို့တတွေ မတွေ့ဖြစ်ခဲ့ကြတော့ပါ။
စကားမပြောဖြစ်ခဲ့ကြတော့ပါ။
အပြင်မှာကော
ဖုန်းထဲမှာကော။

ဂျောင့်မှာအပြင်ကိုလုံးဝပေးမထွက်တော့ဘဲ အိမ်ကထားသည့် ကျောင်းဂိုက်္နဲ့သာစာလုပ်နေခဲ့ရတော့သည်။
ဒီအတောအတွင်းအဆင်ပြေနေရဲ့လားလို့သူသိပ်မေးချင်တာဘဲ။
ငါကတော့အဆင်မပြေနေခဲ့ဘူးပေါ့။

P I E C E SWhere stories live. Discover now