11

146 19 0
                                    

Unicode

သူ့ဟာနဲ့သူဖြစ်ပျက်သွားကြရင်း တရွေ့ပြီးတရွေ့ မင်းကိုစသဘောကျမိသွားတဲ့
မိုးရက်စွဲတွေဆီပျံ့ကူးချင်တယ်။

........

စာမေးပွဲရက်ပိုင်းတွင်း စာ‌ေတွမေးဖြစ်ကြသည်။
ညမအိပ်ဘဲဖုန်းကနေတဆင့် စကားတွေပြောခဲ့ကြသည်။ ဟိုအကြောင်းရောက်ဒီအကြောင်းရောက်ဆိုသဖြင့်လည်း ပျင်းရိစရာတစ်စက်္မှမကောင်းနေခဲ့ပါ။

နိုးနိုးချင်း ဖုန်းကိုကောက်ဖွင့်လိုက်္မိသည်။
ပေါ်လွင်သွားတဲ့ပါးအိအိထက်က အပြုံးလှလေးတစ်ပွင့် သူစိုက်ပျိုးပေးခဲ့သည်။
ညညဆိုအစောကြီးအိပ်ပျော်သွားတာ
သူကတော့ မက္ဆေ့ခ်ျတွေပို့ထားသည်မှာအများအပြား။

ဟော... ဘယ်တုန်းကများသည်ပတ်ဝန်းကျင်အဲ့လောက်လှသွားခဲ့သလည်း။
မှန်းကြည့်စမ်း...။

- အိပ်နေပြီလား 🖤 -

-အင်း အိပ်သွားလောက်ပြီပေါ့-

05 : 49

-မောနင်း

06:00

- 5 နာရီထစာလုပ်နေတာ-

အသိပေးစာတွေကိုပြန်တွေးတိုင်းရင်ထဲလေအေးလေးကတိုးဖြတ်သွားသလို။
ကျွန်တော့်သန်းခေါင်ယံညကအိမ်မက္ တွေလည်း
အင်မတန်လှပခဲ့ပါသည်။
စာမေးပွဲဆိုတဲ့အရာကိုကျောခိုင်းထားကာ
စာအကြောင်းနည်းနည်း ဖော်ပြဟန်မရှိတဲ့စကားတွေကအရေအတွက်္မနည်းတော့ဘဲညတာတွေကိုဖြတ်ကျော်ခဲ့မိပါသည်။

တစ်ဘာသာပြီးတစ်ဘာသာကုန်ဆုံးဖို့ရက်ကိုမျှော်မှန်းကာနေမိသည်။
စာမေးပွဲကြီးပြီးသွားရင် ကျွန်တော်သည်ဂျောင်နဲ့ ပုံဖော်ချင်သောအပိုင်းအစတွေကစိတ်ကူးထဲမှာ
ပြည့်နှက်နေသည်။
ပြည့်နှက်‌ေနသောစိတ်ကူးအချို့ကိုလည်း လက်တွေ့ဆီခေါ်ဆောင်သွားချင်မိသည်။

ဒီနေ့စာမေးပွဲနောက်ဆုံးရက်။

ကျွန်တော့်ကိုဂျောင်လက်ဆောင်ပေးမည့်နေ့လည်းဟုတ်သည်။
မွေးနေ့လက်ဆောင်။

စာဖြေပြီးသော်အတန်းထဲဆူညံ့ပွက်လောရိုက်နေကြသည်။လွတ်လပ်ခွင့်အပြည့်အဝပေးထားသောကြောင့်ဆူညံ့ပွက်လောရိုက်နေသည်မှာလည်း
မထူးဆန်းပါ။

P I E C E SWhere stories live. Discover now